(ခ)-သစ်တောများကိုကာကွယ်စောင့်ရှောက်ရာတွင် ထိရောက်မှုရှိစေရန်ဝန်ထမ်းများ တိုးချဲ့ထားပေး ရန်နှင့်သက်ဆိုင်ရာဌာနများသို့ဆုပေး၊ဒဏ်ပေးစနစ် ကျင့်သုံးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် အနာဂတ်တိုင်းပြည်နှင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ရည်ရွယ် ပြီး မေးမြန်းခြင်းဖြစ်ပါကြောင်း၊ မဟာမြိုင်သစ်တောကြီးကဝင်ငွေ၏ မည်မျှရရှိမည် ကိုဆိုသည်ကို သြဂုတ်လတွင်က မိမိမေးမြန်းခဲ့ရာတွင် ဝန်ကြီးဌာနမှ ၁၉၅.၄၄ သန်းရ ရှိခဲ့ကြောင်း ဖြေကြားခဲ့သည့်အတွက် အင်မတန်မှ အားရဖွှယ်ရာဖြစ်ပါကြောင်း၊ သို့သော် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကလေးဝမြို့နယ်ထဲ၌ သစ်မာများဖမ်းမိ ခဲ့ကြောင်း၊ စစ်ကိုင်းမြို့ထဲတွင် ကားမှောက်သည်အထိ တင်လာခဲ့သည့် သစ်များ၏ အရွယ်အစားကြည့်မည်ဆိုပါက Burma Slition System ဆိုသည့် ဥပဒေနှင့် အတော် ပင်ကွာခြားနေသည်ကို တွေ့ရပါကြောင်း၊
အင်္ဂလိပ်အုပ်ချုပ်မှုခေတ်အချိန်ကစပြီး မြန်မာ့သစ်တောများကို မပြုန်းတီးအောင် စနစ်တကျရွေးချယ်ထုတ်လုပ်ခြင်းဖြင့် အနာဂတ်သစ်တောထုတ်အား ခန့်မှန်းတွက်ချက်နိုင်ပါကြောင်း။ ၁၉၂၀ ခုနှစ်တွင် သစ်တောဥပဒေပြဋ္ဌာန်းပြီး သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများကို စနစ်တကျဖွဲ့စည်းပြီး အဖွဲ့အလိုက် ထုတ်ယူကာ နှစ်သုံးဆယ်ကြာလျှင်တစ်ကြိမ် ထုတ်ခဲ့ပါကြောင်းနှင့် မြန်မာ့ ကျွန်းသစ်နှင့်ပတ်သက်ပြီးနောက် သစ်မာ ထုတ်လုပ်ခြင်းနှင့်အတူ သစ်မာပင်တိုင် အောက်ခြင်းတို့၊ ပင်ထောင်ရိုက်ခြင်းတို့ကိုလည်း စနစ်တကျ လုပ်ခဲ့ ပါကြောင်း၊
မြန်မာနိုင်ငံ၏ သီပေါဘုရင် သီပေါမင်းကြီးသည်လည်း ဘုံဘေဗားမားသစ်ကုမ္ပဏီ ခိုးထုတ်မှုအား အရေးယူခဲ့မှုကြောင့် တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပဲှဖြစ်ပြီး သူ့ကျွန်ဘဝရောက်ခဲ့ရပါကြောင်း၊ သီပေါမင်း သည်အစစအရာရာမယှဉ်ပြိုင်နိုင်သည့် အင်္ဂလိပ်အား ရှုံးနိမ့်မည်ကို သိပါလျက်နှင့် သစ်တောအား ကာကွယ်ရန် အလွန်အရေးကြီးပါသဖြင့် စည်းကမ်းမရှိသော ကုမ္ပဏီအား ထိရောက်စွာ အရေးယူခဲ့သည်ကို တွေ့မြင်ရမည်ဖြစ် ပါကြောင်း၊ MP ဟုခေါ်သည့် Modified Procedure ပြဋ္ဌာန်းခြင်းတစ်ခုကြောင့် မိမိတို့သစ်တောသည် ထိုကဲ့သို့ပင် နစ်နာထိခိုက်လာသည်ကို သိရှိရပါကြောင်း၊
သစ်တော၊ သစ်ပင်၊ ချုံပုတ်များသည် လေဒဏ်ကိုကာ၍ လေပြင်းတိုက်ခြင်းကိုလည်း အရှိန်လျှော့စေ ကာမြေဆီ လွှာတိုက်စားခြင်း၊ ချောင်းများ၊ အိုင်များ၊ မြစ်များ ကောခြင်းများမှ ကာကွယ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံတော်အတွင်း သဘာဝသယံဇာတများ တရားဝင်ထုတ်ယူခွင့် အရေအတွက်၊ အမှန် ထုတ်ယူသော အရေအတွက်၊ တရားမဝင်ထုတ်ယူနေသော (ဖမ်းဆီးရ)အရေအတွက်များနှင့် စာရင်းအရ ကျန်ရှိမည့်အရေ အတွက်နှင့် မှန်ကန် အမှန်ကျန်ရှိမည့်စာရင်း ကွာခြားမှုရှိ/မရှိနှင့် မျိုးစေ့မပျက် Mother Fruits များ ထားရှိရမည် ဟူသော စည်းကမ်းချက်သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ကလေးဝမြို့နယ်နှင့် ထိစပ်လျက်ရှိသော သစ်တောကြိုးဝိုင်းများမှ သစ်တောကြိုးဝိုင်း အလိုက် တရားဝင်ထုတ်ယူသော သစ်တန်အရေအတွက်၊ ဖော်ပြပါ ကြိုးဝိုင်းအတွင်းတွင် တရား မဝင်ဖမ်းဆီးရရှိသော အရေအတွက်၊ ပိုင်ရှင်ဖြင့် ဖမ်းဆီးသစ်များ ပြန်လည်ရောင်းချသော ပုဂ္ဂိုလ်အမည်၊ အဖွဲ့အစည်းအမည်များနှင့် အရေအတွက၊် ကလေးဝမြို့နယ်အတွင်း သက်ကယ်ကျင်း ကျေးရွာနှင့်ချင်းချောင်းကျေးရွာ ဆက်သွယ်သောလမ်း ကို ဖောက်လုပ်ပေးရန် ရန်ပုံငွေများ နည်းသည့်အတွက် မပေးနိုင်ဘူးသော်လည်း တရားဝင်သစ်၊ တရားမဝင်သစ် များ ထုတ်ပေးသည့်လမ်းများသည် မဟာမြိုင်သစ်တောထဲမှ ထုတ်ပေးသည်ကို သိရှိခြင်းရှိ/မရှိ။ နေပြည်တော်၊ ဘယဆေးဥယျာဉ်ကဲ့သို့ သစ်တောကြိုးဝိုင်း များအတွင်း ဘယဆေးများကိုထုတ်၍ သယံဇာတပျက် သုဉ်းမှု ကာကွယ်ခြင်းနှင့် ဒေသခံတို့အတွက် လုပ်ငန်းပေါ်ပေါက်ရန် စားဝတ်နေရေး အထောက်အကူပြုလုပ်ငန်းများ အစီအစဉ်ရှိ/မရှိ၊ နိုင်ငံခြားသို့ သစ်လုံးအလိုက်ရောင်းချမှု ပိတ်ပင်၍ အချောထည်များ တင်ပို့ရောင်းချ မည့် နိုင်ငံတော်အစီအစဉ်အရ သစ်ထုတ်လုပ်နေသော သစ်တောကြိုးဝိုင်းအတွင်းနှင့် အချောကိုင်ဆေးရုံများ တည်ဆောက်သည့် လုပ်ငန်းလုပ်ပါက နှစ်စဉ် ပြင်ဆင်နေသောလမ်းများ ပျက်စီးမှုကာကွယ်ရာရောက်ပြီး ဒေသ ခံတို့အတွက် လုပ်ငန်းများပေါ်ပေါက်လာမည့် အစီအစဉ်ကိုသိရှိခြင်းရှိ/မရှိ၊ သစ်တောများ သစ်တောသယံဇာတများ ကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်ရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည် ထဲရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်တပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပိုင်ရှင်မဲ့သစ် များ ဖမ်းဆီးမှုမရှိခင် ကြိုတင်သိရှိခြင်း၊ ကြိုတင်ကာကွယ်ခြင်းများအား ဆောင်ရွက်မှု အားနည်းခြင်းကို သိခြင်းရှိ/မရှိ။ သဘာဝသစ်တောကာကွယ်စောင့်ရှောက်ရေး ထိရောက်မှုမရှိစေရန် ဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ/ မရှိ။ သဘာဝသစ်တောများကာကွယ်စောင့်ရှောက်ခြင်းအတွက် သက်ဆိုင်ရာဌာနများသို့ ဆုပေး/ဒဏ်ပေးစနစ် ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိဆိုသည်များကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။