(ဃ)-၂၀၁၄ ခုနှစ်တွင် B-Tech (ခေါ်) နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့်B.E(ခေါ်)နည်းပညာ အင်ဂျင်နီယာ ဘွဲ့ သင်တန်းအတွက် Entrance (ဝင်ခွင့်)များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၁-၁၂ ပညာသင်နှစ်တွင် အဆင့်မြှင့်ပညာရေးမြှင့်တင်ရန် B-Tech နှင့် B.E ပေါင်းကူးစာမေးပွဲများကို တင်းကြပ်စွာ စစ်ဆေးသည့်အတွက် ကျောင်းသား အနည်းငယ်သာ ဝင်ခွင့်ရပြီး ၂၀၁၃ ခုနှစ်တွင် ဝန်ကြီးပြောင်းလဲပြီးနောက် ကန့်ဘလူ မြို့နယ်ရှိ G.T.I ကျောင်းရှိ ကျောင်းသား/သူများ အောင်ချက်အလွန်ကောင်းခဲ့ ပါကြောင်း၊ ထို့ကြောင့် (က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် B-Tech ခေါ် နည်းပညာအင်ဂျင်နီယာဘွဲ့သင်တန်းနှင့် B.E ခေါ် အင်ဂျင်နီယာဘွဲ့ သင်တန်းအတွက် Entrance (ဝင်ခွင့်)များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (ခ) အစီအစဉ်ရှိပါက Entrance (ဝင်ခွင့်) စာမေးပွဲပြုလုပ်ပေးရာတွင် သတ်မှတ်ချိန်နှင့် လိုက်လျောညီထွေသော သင်ခန်းစာများကိုသာ လေ့လာခွင့်ပေးရန် မည်သို့ဆောင် ရွက်ပေးမည်နည်း။ (ဂ) နည်းပညာတက္ကသိုလ် အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူ များ ဝင်ခွင့်အောင်မြင်ပါက လက်ရှိပြောင်းလဲထားသော B-Tech ခေါ် နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်း ၄ နှစ်၊ B.E ခေါ် အင်ဂျင်နီယာဘွဲ့သင်တန်း ၂ နှစ်၊ စုစုပေါင်း ၆ နှစ် ပညာရေးစနစ်တွင် အသုံးဝင်ပါမည်နည်း။ သို့မဟုတ် ယခင်ပညာရေးစနစ်တွင် အကျုံးဝင်မည်နည်း။ (ဃ) B-Tech ခေါ် နည်းပညာ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် B.E ခေါ် အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် Entrance (ဝင်ခွင့်) စာမေးပွဲကျင်းပမည့်ရက်ကို လက်ရှိကျောင်းသူ ၊ ကျောင်းသားများအတွက် ပြင်ဆင်မှုရရှိရန် အချိန်စောပြီး ကြိုတင်ကြေညာပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။