(ဂ)-ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ရေ ကန်အော်ကျေးရွာရှိ တံတားအားပြန်လည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

ဒေါ်တင်တင်ရီ (ကျွန်းစု)တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ရေကန်အော်ကျေး ရွာရှိ ဆိပ်ခံတံတားသည် ၁၉၉၂ ခုနှစ်တွင် စတင်တည်ဆောက်ပြီး တံတားအရှည် ၂၅၃ ပေ၊ အကျယ် ၆ ပေရှိပါကြောင်း၊  အဆိုပါတံတားကို စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ခရီးသွားလာ ရေးတို့အတွက် ယင်းတံတားကိုသာ မှီခိုအားထားနေကြ ရသော်လည်း လွန်ခဲ့သည့် ၁၈ ခန့်မှ စတင်တည်ဆောက်ခဲ့၍ ယိုယွင်းပျက်စီးမှုများ ရှိနေခြင်း နေ့စဉ်ထိန်းသိမ်းပြုပြင်ရသည့် ကုန်ကျစရိတ် လွန်စွာများပြားလွန်းခြင်း တို့ကြောင့် ဆက်လက် အသုံးပြုရန်မှာ လုံးဝမဖြစ်နိုင်ပါကြောင်းနှင့်  ကျေးရွာလူထု ၏ဆန္ဒသည်လည်း နိုင်ငံတော်၏အထောက်အပံ့နှင့် ကွန်ကရစ် တံတားသစ် တစ်ခုကို တည်ဆောက်လိုကြောင်းကို ကျေးရွာနေပြည်သူများနှင့် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုး တက်ရေး ကော်မတီအဖွဲ့အစည်းများမှ တင်ပြတောင်းခံလာကြပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ရေကန်အော်ကျေးရွာရှိ ဆိပ်ခံအောင် တံတားကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်  တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန် တွင် ဆောက်လုပ်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။