(စ)-မြဝတီမြို့ခုတင်(၁၀၀)ဆေးရုံတွင်ဓာတ်မှန်ကျွမ်း ကျင်တစ်ဦး၊လက်ထောက်ဆရာဝန်(၂)ဦး၊ကလေးအ ထူးကုဆရာဝန်နှင့်လူနာခုတင်များ ဖြည့်တင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ကရင်ပြည်နယ် မြဝတီမြို့သည် ခရိုင်အဆင့် ဖြစ်ပြီး ပြည်သူလူထုကျန်းမာရေးအတွက် အထောက်အကူပြုသော ခုတင် ၁၀၀ ဆေးရုံလည်းရရှိ ထားပြီးဖြစ်ပါသည်။ ဒေသခံများ၏ လှူဒါန်းငွေနှင့် ဆောက်လုပ်ထားသည့် ကိုယ်ထူးကိုယ်ထ အခပေးဆေးကုသဆောင်ကို အသုံးပြုထားရသော်လည်း နေရာလုံလောက်မှုမရှိသော ကြောင့် JICA မှ အကူအညီနှင့် အဆောက်အအုံပေါ်ကောင်းကောင်း ပေါ်ထွက်လာမည်ဟု ထင်ရသော်လည်း ယနေ့အထိ ပေါ်ထွက်လာခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ နံပါတ်(၁) ခုတင် ၁၀၀ ဆေးရုံနှင့်လျော်ညီသော အဆောက်အအုံ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ၊ နံပါတ်(၂) လက်ရှိအခြေအနေတွင် ဓါတ်မှန်ကျွမ်းကျင်(၁)ဦး၊ လက်ထောက်ဆရာဝန် (၂)ဦး နှင့် ကလေးအထူကု ဆရာဝန် (၁) ဦး အမြန်လိုအပ်ပါသဖြင့် ခုတင် ၁၀၀ နှင့်လျော်ညီသော ဝန်ထမ်းများ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် နံပါတ်(၃) လတ်တလေလိုအပ်လျက်ရှိသော လူနာခုတင်များ ဖြည့်တင်းပေးရန်အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။