(ဆ)-သဲကုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး အထက် တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မိမိတို့ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပဲခူးအနောကရှိ တောင်နဝင်းဆည်၊ မြောက်နဝင်းဆည် စီမံကိန်းများ၊ ဝဲကြီး၊ တောင်ညိုဆည်များကိုပါ ပြန်လည်ပြုပြင်ပေးခြင်း၊ ရေကြီးရေနစ်မှု၊ ချောင်းမြောင်းခ တူးဖော်မှုများတွင် နိုင်ငံတော် အစိုးရကနေပြီး ငွေကုန်ကြေးကျခံကာ တောင်သူလယ်သမားများ အကျိုးအတွက် ဆောင် ရွက်ပေးခြင်းများအတွက်  တောင်သူလယ်သမားများဟာ ဝမ်းသာခဲ့ကြပါကြောင်း။ သို့သော် သဲကုန်းမြို့နယ်တွင် ယခင်ကရှိခဲ့သော စိုက်ပျိုးမွေးမြူရေး အထက် တန်းကျောင်းကို ပြန်လည် ဖွင့်လှစ်ပေးမည် ဆိုပါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ကြမည့် မျိုးဆက်သစ် တောင်သူလယ်သမား လူငယ်များ အတွက် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ ကိုယ်စားပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် ယခင်က ဖွင့်လှစ်ထားရှိခဲ့သော  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကို ယခုအခါ ပြန်လည်ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။