(င)-ဝမ်းတွင်းမြို့နယ်၊ဒိုင်းကောင်းကုန်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ပြီး ဘုရားစုကျေးရွာ အုပ်စု သို့ သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည့် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာအုပ်စုတွင် ဘုရားကျေးရွာ၊ ရုံးတော၊ ေ‌တောင် ကန်သစ်၊ သစ်အုန်း၊ ကျောက်ကုန်း၊  မြောက်ကန်သစ်၊ တောင်ထိန်ပင် အင်း၊  မြောက်ထိန်ပင်အင်း ကျေးရွာများနှင့် ကျောက်ကန်ကျေးရွာအပါအဝင် စုစုပေါင်း (၉)ရွာရှိသည့်အတွက် မိုးကောင်းသောက်ဒေသဖြစ်သည့်အပြင် ကျောက်ဆစ်ကုန်းမြေဖြစ်နေသည့်အတွက်လည်း အင်မတန်မှ သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊  အိမ်ထောင်စုအားဖြင့်လည်း ၁၂၃၄ခု၊ လူဦးရေစုစုပေါင်း ၆၅၃၅ ဦးအပြင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန် ၃၆၀၀ ရှိပါကြောင်း၊ ရေကောင်းရေသန့်ရရှိရေးအတွက် စက်ရေတွင်းများကို ပေပေါင်း ၁၅၀၀ ထိတူးဖော်သော် လည်း ရေချိုမရဘဲ ရေငံများသာထွက်ရှိနေခြင်းကြောင့်  ကျေးရွာမှ တစ်မိုင်ခန့် ကွာဝေးသည့် ချောင်းအတွင်းမှ လက်ယက်တွင်းတူးပြီး ရေစည်လှည်းများ၊ ကင်းနားလက်ဝဲမြောင်းက ရေကို ထော်လာဂျီမိုးရေကန်များဖြင့်  သယ်တိုက်သုံးစွဲလျက်ရှိနေပါကြောင်း၊

သို့ဖြစ်ပါ၍ ဘုရားစုကျေးရွာအုပ်စု၏မြောက်ဘက် ပေ ၃၉၆၀၊ ၆ ဖာလုံခန့်ဝေးသော ဒိုင်ကောင်း ကုန်း ကျေးရွာက ရှစ်လက်မစက်ရေတွင်းတူးဖော်ပြီး ဘုရားစုသောက်သုံးရေသန့် ရရှိရေးအတွက် ဖြန့်ဝေပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနက နိုင်ငံတော်အထောက်အပံ့နှင့် ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ  သိရှိလိုပါကြောင်းမေးမြန်းပါသည်။