(ဇ)-ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ် သက်၍ရရှိနိုင်မည့်လူမှုရေး၊စီးပွားရေးအကျိုး ကျေးဇူး များနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာတွက် ချက်ထားမှုကိုပြည်သူသို့ရှင်းလင်းတင်ပြပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြဋ္ဌာန်းခဲ့ ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် Special Economic Zone ဥပဒေကို ပြဋ္ဌာန်းသည့်အတွက် ပထမဦးဆုံး စတင်လုပ်ဆောင်မည့် ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထားဝယ်စီးပွားရေးဇုန်၊ သီလဝါစီးပွားရေးဇုန်များသည် သီးခြားဥပဒေနှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေနှင့် ဆောင်ရွက်သော ကျောက်ဖြူးစီးပွားရေးဇုန်မှာ ဥပဒေတွင် ပြဋ္ဌာန်းသည့်အတိုင်း ဆိုင်ရွက်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ အခန်း (၅) တွင် စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်းနှင့် ၎င်း၏တာဝန်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ ပတ်ဝန်းကျင်ထန်းသိမ်းရေးကို ဖော်ပြထားသည်မှာ ရှိပါကြောင်း၊ အခန်း ၈ တွင် ရင်းနှီမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်များဟူ၍ ရင်းနှီးမြှုပ်နှံသူ၏တာဝန်မှာ ရင်နှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ စံချိန်စံညွှန်းများနှင့် လိုက်နာရမည်ဟူ၍ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်ဖြူစီးပွားရေးဇုန်၊ နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပတ်သက်၍ Physivility Study EIASIA ဆိုသည်မှာ မည်သို့ဆောင်ရွက်ထားသည်များကို သိရှိလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန် စီစဉ်ထား သော ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိပုံများအား (က) မည်ကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်နေကြောင်း၊ (ခ) စီမံကိန်းနှင့်ပတ်သက်၍ ရနိုင်မည့်အကျိုးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာ တွက်ချက်ထားပုံ၊ (ဂ) လူမှုရေး၊ စီးပွားရေး အကျိုးကျေးဇူးများ မည်သည့်အတိုင်းအတာအထိရနိုင်ကြောင်း စသည်တို့နှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးမြန်းပါသည်။