(က)-ကမာရွတ်မြို့နယ်၊လှည်းတန်းမီးရထားခုံးကျော် တံတား(၄)လမ်းသွားတံတားအဖြစ် တိုးချဲ့ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ လှည်းတန်းမီးရထား ခုံးကျော်တံတားသည် ခေတ် အဆက်ဆက် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော နှစ်လမ်းသွား တံတားဟောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခင်လှည်းတန်း လမ်းမသည့် နှစ်လမ်းသွား လမ်းဖြစ်သည့်အတွက် တံတားနှင့် လမ်းမလိုက်လျောညီထွေရှိပါကြောင်း၊ အခုအခါ လှည်းတမ်းလမ်းမကြီးကို လေးလမ်းသွားလမ်းမအဖြစ် တိုးချဲ့ထားမည်ဖြစ်သည့်အပြင် အသုံးပြုသည့် ကားအရေအတွက်သည်လည်း အလွန်များပြားနေပါကြောင်း၊ ထို့ကြောင့် လက်ရှိနှစ်လမ်းသွားလမ်းမှာ လှည်းတန်းလမ်းမကြီးမှ မောင်းလာသော ယာဉ်များအတွက် လမ်းကျဉ်းမြောင်းနေပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လမ်းမကြီးများအလယ်တွင် နှစ်လမ်းသွား တံတားဟောင်းတစ်ခု တည်ရှိနေခြင်းမှာ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှုလည်း မရှိပါကြောင်း၊ အဆိုပါ တံတားပတ်ဝန်းကျင်တွင် တံတားအပြည့်ဖြင့် လူနေထူထပ်ပြီး အလွန်လူစည်ကားသော နယ်မြေဖြစ်သဖြင့် လေးလမ်းသွားတံတားအဖြစ် တိုးချဲ့ပေးမှသာ လူစည်းကာသောနေရာနှင့် လိုက်လျောညီထွေရှိရန် ယာဉ်သွားလမ်းကြော အဆင်ပြေချေမွေ့ပြီး ယာဉ်အန္တရာယ်ကင်းဝေးမည်ဖြစ်သောကြောင့် လှည်းတန်းမီးရထား ခုံးကျော်တံတားအား လေးလမ်းသွားတံတားအဖြစ် တိုးချဲ့ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။