(က)-အင်းလျားကန်ပေါင်တွင် အပန်းဖြေသူများနှင့် ကျန်းမာရေးအတွက်လေ့ကျင့်ခန်းပြုလုပ်သူများလုံခြုံ မှုနှင့်တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် မင်္ဂလာဒုံ လမ်းဘက်ပိုင်းတွင်အရံအတားအဖြစ်သံပန်းခြံစည်း ရိုးခတ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မင်္ဂလာဒုံ ပြည်လမ်းမကြီးအတွင်းရှိ အင်းလျားကန်ပေါင် မြတ်ခင်းပြင် ပန်းခြံဟာသာယာလှပသည့်အတွက် အပန်းဖြေသူများ ကျန်းမာရေး၊ လေ့ကျင့်ခန်း ပြုလုပ်သူများနှင့် နေ့စဉ် စည်းကားလျက်ရှိသော်လည်း အင်းလျားကန်ပေါင်သည် အတားအဆီးမရှိသည့်အတွက် လူအများ နေ့ရောညပါ ဝင်/ထွက်သွားလာလျက်ရှိပါကြောင်း၊ ညပိုင်းတွင် မူယစ်ရမ်းကားသူများ အုပ်စုဖွဲ့ လာရောက်ပြီး အင်းလျားကန်ပေါင်ပေါ် စည်းကမ်းမဲ့စွာ ဆူပူအော်ဟစ်ပြီး ရန်ဖြစ်လေ့ရှိသည့်အပြင် အကြမ်းဖက်မှုများနှင့် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထို့ကြောင့် အင်းလျားကန်ပေါင်မြတ်ခင်းအား ကာရံပြီး စည်းကမ်းတကျ ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်လာပါကြောင်း၊ ထိန်းသိမ်းစောင်ရှောက်ရန်အတွက် အင်းလျားကန်ပေါင်ကို အလှအပနှင့် မျက်စိပဓါနမပျက်စေဘဲ မင်္ဂလာဒုံပြည်လမ်း ကားလမ်းမဘေး ပလက်ဖောင်းဘက်တွင် သံပန်းအလှကာထားပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သတ်မှတ်ထားသော ဝင်ပေါက်များမှ သတ်မှတ်အချိန်အတွင်း လူအများဝင်ခွင့်၊ ထွက်ခွင့်ပြုမည်ဆိုပါက မလိုလားအပ်သော စည်းကမ်းမဲ့ဥပဒေနှင့်ဖြစ်ရပ်များကို ကာကွယ်တားဆီးရန် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင်းရှိ အင်းလျားကန်ပေါင်တွင် လာရောက်အပန်းဖြေသူများနှင့် ကျန်းမာရေး၊ လေ့ကျင့်ရေးပြုလုပ်သူ ပြည်သူများ လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် မင်္ဂလာဒုံပြည်လမ်းမကြီး ဘက်ပိုင်းတွင် အရံအတားအဖြစ် သံပန်းခြံစည်းရိုး အလှခတ်ပြီး ပြည်သူများအပန်းဖြေရန် ကန်ပေါင်အတွင်းသို့ သတ်မှတ်ချိန်အတွင်း သတ်မှတ်ဝင်ပေါက်များမှ ဝင်ရောင်ခွင့်ပြုမည့်အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း၊ အင်းလျားကန်ပေါင်နှင့် ကပ်လျက်ရှိသော မင်္ဂလာဒုံပြည်လမ်းမကြီးအား ကားအသွားအလာ အလွန်များပြားပြီး ကားကလည်း အချိန်ပြင်းစွာမောင်းနှင်နေကြသည့်အတွက် အင်းလျားကန်ပေါင်တွင် လူများသည်လည်း လမ်းဖြတ်ကူးရာတွင် အန္တရာယ် အလွန်ကြီးမားကြပါကြောင်း၊ ထို့ကြောင့် အင်လျားကန်ပေါင်ဘက်မှ မင်္ဂလာဒုံပြည်လမ်းမကြီးအား ပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြတ်ကူးရန် မြို့အင်္ဂါရပ်နှင့်ညီညွတ်ပြီး အင်လျားကန်ပေါင် အလှနှင့် ပဏနတင့်တယ်သော လူကူးတံတားတစ်ခုတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါ သည်။