(င)-ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရနည်းပညာ အထက် တန်းကျောင်း(ပင်လုံ) ကျောင်းဝင်းခြံစည်းရိုးအုတ် တံတိုင်း ကာရံပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးခင်မောင်သီ (လွိုင်လင်)ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)ကို ဖွင့်လှစ်ထားရှိခြင်းကြောင့် ဒေသခံတိုင်းရင်းသားမိဘပြည်သူများ၏ သားသမီး များအနေဖြင့်  အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းသင်ပညာ ဘာသာရပ်များကို စာတွေ့လက်တွေ့ဆည်းပူးလေ့လာသင်ကြရာအတွက်ကြောင့် မိဘပြည်သူများမှများစွာဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်လျက်ရှိပါကြောင်း၊

 မိဘ ပြည်သူများ အနေဖြင့် အဆိုပါ အစိုးရနည်းပညာအထက် တန်းကျောင်း ကျောင်း ဝန်းခြံစည်းရိုး အုတ်တံတိုင်း ကာရံပေးစေလိုသောဆန္ဒ သဘောထားများ ရှိနေသောကြောင့် လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်လုံ) ကို ကျောင်းဝန်းခြံစည်းရိုး အုတ်တံတိုင်းကာရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက သိလိုပါ သည်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။