(က)-စက်မှုဇုန်များနိုင်ငံတကာအဆင့်မီစီစဉ်ဆောင် ရွက်ရန်နှင့် စက်မှုဇုန်မြေယာ အငြင်း ပွားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနကတာဝန်ယူဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် AFTER ၊ AEC စသည်များနှင့် တွေ့ကြုံကြရမည်ဖြစ်သကဲ့သို့ အမျိုးသားစီမံကိန်းတွင်လည်း စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု စသည့် ကဏ္ဍသုံးရပ်သည် ယခင်က AIS အဆင့်မှ ယနေ့ SIA အဆင့်အထိ ကူးပြောင်းတက်လှမ်းနိုင်ရန် ဆောင်ရွက်နေသည့်အတွက် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လာသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့သော် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို (၆) အတွင်း စက်မှုဇုန် ဖော်ထုတ်နိုင်ခြင်းမရှိသည့် မြေကွက်များကို ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်အတွင်း လာရောက်ဖြေကြားခဲ့ပါသော်လည်း ယနေ့ တစ်နှစ်ဝန်းကျင်ရှိလာသည့်တိုင် စက်မှုဇုန်များ အောင်မြင်စွာ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော အခြေခံအကြောင်းတရားများမှ အဓိကကျသော အကြောင်းတရားနှစ်ခုမှာ စက်မှုဇုန်တစ်ခုကို နိုင်ငံတကာအဆင့်မီဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းနှင့် မြေပိုင်ဆိုင်မှုကိစ္စများတွင် မူလမြေပိုင်ရှင်ဖြစ်ခဲ့သော လယ်သမားများနှင့် အစိုးရထံကနေ သတ်မှတ်ဈေးနှင့် ဝယ်ယူထားသော စက်မှုဇုန်ပိုင်ရှင်များကြား ဖြစ်ပေါ်နေသည့် မြေပြဿနာကို ဖြေရှင်းပေးရန် တာဝန်ရှိသော လယ်သမားထံမှ မြေသိမ်းခဲ့သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးအရ တာဝန်ရှိသော တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ဖြစ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် လက်ရှိစက်မှုဇုန် မြေနေရာများတွင် ရလာသောသူများထံမှ မူလလယ်သမားများက လျော်ကြေးတောင်းခံ‌နေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍  စက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ စက်မှုဇုန်အလုပ်သမား၊ အလုပ်ရှင်အရေးကို ပိုမိုထိရောက်အောင် မည်သို့ဆောင်ရွက်ထားသည်နှင့် စက်မှုဇုန်မြေယာ အငြင်းပွားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။