(ဂ)-အင်္ဂပူမြို့နယ်ရှိညောင်ကုန်း၊ဝက်လဟာရေကာ တာအားထပ်မံမြှင့်တင်ပေးရန်နှင့် ရေထွက်ပြွန်အား ကွန်ကရစ်တံခါးဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် သက္ကယ်ပြင်သံကျေးရွာအုပ်စု၊ အင်းယားကြီးညောင်ကုန်းရွာမှ ဝက်လဟာကျေးရွာ အုပ်စု၊ ဒကယ်သူကျေးရွာသို့ ဆက်သွယ်သောရေကာတာသည် နောက်မီကျေးရွာအုပ်စု၊ မကျီးစုရွာ၊ ရေကျော်လေးရွာ၊ တကယ်သူကြီးရွာ၊ ဂျမ်းပြင်ရွာ၊ နှေကုန်းရွာတို့ရှိ ကွင်းအမှတ် ၇၃၂-၇၃၃ ကွင်းအတွင်းရှိ လယ်ယာမြေဧက ၁၅၀၀ ခန့်အား ရေနစ်မြှုပ်မှုမရှိစေရန် တောင်သူများမှ နှစ်စဉ် ကိုယ်ထူကိုယ်ထရေကာထာပြုပြင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြ ပါကြောင်း၊ ရေကာတာရေထွက်ပြွန် ၂ ခုသည်လည်း ချို့ယွင့်ပျက်စီးပြီး ဧရာဝတီမြစ်ရေနှင့် တောင်ကျရေဆုံရာတွင် ရှိနေသည့်အတွက့်် စိုးရိမ်ရသည့်အခြေအနေတွင်ရှိရာ အဆိုပါညောင်ကုန်း-ဝက်လဟာရေကာတာအား ထပ်မံ၍ အမြင့် ၃ ပေ၊ အနံ ၆ ပေ မြှင့်တင်ပေးပါရန်နှင့် ရေထွက်ပြွန် ၂ ပေါက်အား ကွန်ကရစ်တံခါးဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။