(ဃ)-ကျောက်ဖြူမြို့နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးရာတွင်ဗို့အားမပြည့်ခြင်း၊ နေ့ စဉ်ဖြတ်တာက်ခြင်းများရှိနေ၍စိစစ်ပေးနိုင်ရန်နှင့်ဒေ သခံများနေ့စဉ်(၂၄)နာရီဓာတ်အားအသုံးပြုနိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် အနီးဝန်းကျင်ကျေးရွာအချို့သည် လျှပ်စစ်ဝန်ကြီးဌာန၏ စီစဉ်ပေးမှု ကြောင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိကြသည့်အတွက် ဒေသခံပြည်သူများ အလွန် ဝမ်းသာကြပါကြောင်း၊ ထိုကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီ ရရှိသည်ဆိုသော်လည်း နေ့စဉ် မီးမရသည့်အချိန်နှင့် နှစ်ကြိမ်မှ လေးကြိမ် ကြုံတွေ့ရပါကြောင်း၊ကျောက်ဖြူမြို့တွင် မူလက မဂ္ဂါဝပ် ၁.၁ ထုတ်နိုင်တဲ့ Generator သုံးလုံးတပ်ဆင်ပြီး စက်(၂) လုံး ဖြင့် ဓာတ်အားဖြန့်ဖြူးနေသော်လည်း ဓာတ်အားမလုံလောက်မှုကြောင့် Generator တစ်လုံး ထပ်မံဖြည့်ဆည်းကာ စက် (၃)လုံးနှင့် ဓာတ်အားပေးနေသည်ဟု သိရှိရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ၂၄ နာရီအပြည့် အဖိုး နှုန်းထားသက်သာစွာဖြင့် လျှပ်စစ်မီးရရှိရခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ် ကြရသော်လည်း နေ့စဉ် အောက်ပါအခက်အခဲများ ကြုံတွေ့နေရပါကြောင်း-
(က) နေ့စဉ် (၃)ကြိမ်မှ (၄)ကြိမ် မီးပျက်နေခြင်းကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားများကိုပင် ဈေးနှုန်းမြင့်မား စွာဖြင့် အားကိုး၍ သုံးစွဲနေရခြင်း၊ (ခ) မီးအားမနိုင်၍ ဓာတ်အားများစွာဖြင့် သုံးရသည့် စက်ကိရိယာများသည် မကြာခဏရပ်သွားခြင်း၊ ဒေသခံပြည်သူများ၏ ပြောပြချက်အရ လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းရာတွင် မိုးကြိုးလွှဲ မြေစိုက်ကြိုးနည်းခြင်း၊ ထရန်စဖော်မာနှင့် မီးကြိုးများ၏ အရည်အသွေး ညံ့ဖျင်းသည့်အတွက် မီးအားကမနိုင်ခြင်းများ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် (၁) ကျောက်ဖြူမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ် မီးကြိုးများနှင့် ထရန်စဖော်မာများသည် အရည်အသွေး ညံ့ဖျင်းခြင်း၊ မိုးကြိုးလွှဲမြေစိုက်ကြိုးများ တပ်ဆင်မှုနည်းခြင်း၊ (ဂ) သုံးစွဲသူနှင့် ဓာတ်အားမမျှမတခြင်းကြောင့် အချို့သောရပ်ကွက်များအနေဖြင့် ဗို့အား ၁၅၀ ခန့်သာရရှိခြင်း၊ (ဃ) နေ့စဉ် သုံးကြိမ်၊ လေးကြိမ်မျှ ဓာတ်အား ပြတ်တောက်နေခြင်း စသည့်ဖြစ်ရပ်များကို စိစစ်ပေးနိုင်ပါမည်လား၊ (၂) နေ့စဉ် ၂၄ နာရီ ဓာတ်အား ပြတ်တောက်မှုမရှိဘဲ ဒေသခံများအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။