(ဂ)-မုဒုံမြို့ပေါ်တွင်ရှိသော ဝင်းကဖို့ ရပ်ကွက်တွင် ကြက်မွေးထားသောအိမ်(၃)အိမ်ကိုရပ်ကွက်နှင့်ဝေး လံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-18
မုဒုံမြို့ပေါ်တွင် မြို့မ(၁)၊ မြို့မ(၂)၊ မြို့မ(၃) နှင့်မြို့မ (၄) ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိပါကြောင်း၊ ဝင်းကဖိုရပ်ကွက်သည် မြို့မ(၁) တွင် မုဒုံကြီးရပ်ကွက်၏ အနောက်ဘက်တွင်တည်ရှိပြီး ဝင်းကဖိုရပ်ကွက်တွင် လူနေအိမ်တွေကြားထဲတွင် ကြက်မွေးထားသောအိမ် (၃) အိမ်ရှိသဖြင့် ရပ်ကွက်နေ ရပ်ကွက်သူ/ရပ်ကွက်သားမှ ကြက်အနံ့ကြောင့် ကျန်းမာရေး ထိခိုက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ကြက်မွေးထားသော အိမ်သုံးအိမ်ကို လူနေရပ်ကွက်/လူနေ ရပ်ကွက်နှင့်ဝေးသော နေရာတို့ကို ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။