(စ)-စစ်ကိုင်းတိုင်းဒေသကြီး၊ကြက်တစ်ကောင်ကျေး ရွာကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထားသောဆေးရုံ ကို၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် (၁၆) ခုတင်ဆံ့တိုက် နယ်ဆေးရုံအဖြစ်ကျန်းမာရေးဝန်ကြီးဌာနမှဆောင် ရွက်ပေးမည့်အစီအစဉ်ကိုသိလိုသည်နှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-18
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကြက်တစ်ကောင်ကျေးရွာရှိ ဆရာတော်ဦးဇာဂရကဦးဆောင်သည့် ဒေသခံပြည်သူများ လှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကိုယ်ထူးကိုယ်ထ ဆေးရုံအဆောက်အဦးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်ဖွင့်လှစ်မည်ဟု လျာထားပြီး ဖြစ်သည်ဟု ပြန်ကြားစာရရှိပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်အထိ ဆေးရုံဖွင့်လှစ်မှုကိစ္စကို ဆက်လက်လုပ်ဆောင်ခြင်းမရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလို၍ မေးမြန်းပါသည်။