(ဇ)-ဘီးလင်းမြစ်ကြောင်းအားစနစ်တကျထိန်းသိမ်း ရန်မည်ကဲ့သို့စီမံထားသည်နှင့်ပြန်လည်တူးဖော်ရန် သက်ဆိုင်ရာမှမည်သို့စီစဉ်ထားသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဒေါက်တာစိုးမိုးအောင် (ဘီးလင်း)ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်သည် မြို့နေပြည်သူလူထု ကမ်းပါးတစ်လျှောက်ရှိ ကျေးရွာပြည်သူလူထုအတွက် အသုံးချသည့် ရေချိုမြစ်ဖြစ်ပါကြောင်း၊ ဘီးလင်းမြစ်သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်စပ်ထားသော မြစ်ဖြစ်ပြီး မြစ်ကြောင်းအရှည် ဘီးလင်းမြို့နယ်အတွင်း အလျား မိုင် ၃၀ ခန့်ရှိပါကြောင်း၊ ဘီးလင်းမြို့နယ်အတွင်း  ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်သည် သဘာဝအရ သဲသောင်များထွန်းလာခြင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ စွန့်ပစ်လိုက်သည့် မြေကြီးများ မြစ်အတွင်းသွန်ချခြင်း၊ မြစ်ကြောင်းတိမ်ကောလာပြီး ရေစီးရေလာလည်း မကောင်းတော့ဘဲ နှစ်စဉ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံခြင်းကို နှစ်စဉ် ကြုံတွေ့နေရပြီး စိုက်ပျိုး သီးနှံများ ပျက်စီးဆုံးရှုံးလာပါကြောင်း၊ ရေနည်းချိန်တွင် ရေသန့်များ မရှိတော့ဘဲ ရေများနောက်ကျိလာသည့်အတွက် ချောင်းကမ်းပါးတစ်လျှောက်တွင် မှီခိုနေကြသော ကျေးရွာပြည်သူလူထု၏ သောက်သုံးရေပြဿနာများ၊ တိရစ္ဆာန်များ၏ သောက်သုံးရေပြဿနာများ ဖြစ်ပေါ်လာသည့်အတွက် ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက မည်ကဲ့သို့ စီမံထိန်းသိမ်းရန်ဆောင်ရွက်ထားသည်နှင့် ဘီးလင်းမြစ်ကြောင်း ပြန်လည်တူးဖော်ရန်အတွက် ဆောင်ရွက်ထားသည်အခြေအနေကို သိရှိလိုကြောင်းမေးမြန်းပါသည်။