(င)-မြဝတီမြို့ချစ်ကြည်ရေးတံတားထိပ်ယာဉ်ကြော ပိတ်ဆို့မှုအားဖြေရှင်းရန်နှင့် ခရီးသည်နှင့်ကုန်များ စနစ်တကျအတင်အချပြုလုပ်နိုင်မည့်ယာဉ်ရပ်နား ကွင်းအကောင်အထည်ဖော်ရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိရာ မော်တော်ယာဉ်များတွေ များပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့လှည့် ခရီးသည်များ ဝင်ထွက်ရာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားထိပ်တွင် တစ်ဖက်နိုင်ငံကိုသွားမည့်ယာဉ်များ၊ တစ်ဖက်နိုင်ငံမှ ကုန်ပို့ယာဉ်များ၊ လမ်းစီမံကိန်း ဆောင်ရွက်နေသည့် ယာဉ်ကြီးများနှင့် မြဝတီမြို့မှ ပြည်တွင်းမြို့များကို ပြေးဆွဲသော ခရီးသည်စောင့်ကြပ် ယာဉ်များ ပြည့်ကြပ်နေပါသဖြင့် တစ်ဖက်နိုင်ငံ၏ တံတားထိပ်ဖြင့် ယှဉ်လာပါက အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ခြင်းမရှိကြောင်း ပေါ်လွင်နေသဖြင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းစေပါကြောင်း၊ ထိုကိစ္စကို သက်ဆိုင်ရာဒေသအာဏာပိုင် အဆင့်ဆင့်ကို တင်ပြခဲ့သော်လည်း အကြောင်းထူးလာခြင်းမရှိပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု တစ်ခုသောအတိုင်းအတာအထိ ကျဆင်းသွားစေရန် မြဝတီဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်နေသည့် ယာဉ်ငယ်ရပ်နားခွင့်တည်ဆောက်မှုမှာလည်း ယခုထိအကောင်အထည်ဖော် ပြီးမြောက်ခြင်း မရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းကို မြဝတီမြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီက စီမံချက်ရေးဆွဲပြီး နယ်စပ်ရေးရာဒုတိယဝန်ကြီး ခရီးစဉ်တွင် သက်ဆိုင်ရာမှ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်အတွက် ချစ်ကြည်ရေးတံတားထိပ် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ ခရီးသည်နှင့်ကုန်များ စနစ်တကျ အတင်အချပြုလုပ်နိုင်မည့် ယာဉ်ရပ်နားကွင်းအကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် စတင်ပြီး မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။