(က)-အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဥနင်္ဃစ သည့် နိုင်ငံတကာ ဘဏ်များမှ ငွေချေးယူရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့်ဆောင်ရွက်ပုံများကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း၊
ယခုအချိန်တွင် နိုင်ငံတော်အစိုးရနှင့် မိမိတို့လွှတ်တော်အနေဖြင့် ကိစ္စအဝဝ ဆောင်ရွက်သည့်နေရာတွင် လျင်လျင်မြန်မြန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်း အကြောင်းအရင်းသည် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသည့်အတွက် ချေးငွေများရယူသည့်နေရာတွင် အချိန်မီရရှိရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ အချက်အလက်များ မပြည့်စုံပါက မိမိတို့လွှတ်တော်ကို တင်ပြသည့်အခါ လွှတ်တော်က အဆုံးအဖြတ်ပေးရန်မှာလည်း ခဲယဉ်းသည့်အတွက် ကြန့်ကြာသွားပါက အခက်အခဲရှိနိုင်ပါကြောင်း၊ အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်နိုင်၍ ကြန့်ကြ သွားပါက ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းသို့ဆောင်ရွက်ရာတွင် တင်ပြလာသည့် ဌာနများမှ ပြည့်စုံစွာ တင်ပြရမည်ဖြစ်ပြီး ရှင်းလင်းရန်လိုအပ်သည့် ချက်အလက်များကို ပြည့်စုံစွာထည့်သွင်းပေးရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ဘဏ်(OECF) စသည့် နိုင်ငံတကာဘဏ်များမှ လုပ်ငန်းများအတွက် ငွေချေးယူရာတွင် အဆင့်ဆင့်ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်ရွက်ရသည့်အချက်များ၊ MOU စတင်လက်မှတ်ထိုးခြင် မှ လွှတ်တော်သို့ တင်ပြသည်အထိ သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ခြင်းအထိ ဆောင်ရွက်ပုံများကို သိရှိလိုကြောင်း မေးမြန်းပါသည်။