(ခ)-ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဝန်ထမ်းများ ခန့်ထားခြင်း၊ အပြောင်းအရွှေ့လုပ်ခြင်း၊ တင်ဒါခေါ် ယူခြင်းများပြုလုပ်ရာတွင် အသက်၂၅နှစ်ဖြင့်မကန့် သတ်ဘဲအသက်ပိုကြီးသူများကိုဦးစားပေးခန့်ထား ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ချင်းပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများတွင် ဝန်ထမ်းများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ တင်ဒါများခေါ်ယူခြင်း စသည်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထက်လူကြီးနှင့် အဆင်ပြေသူများသာလျှင် အလုပ်အကိုင်ရရှိပြီး ပြောင်းရွှေ့နေကြသည်ကို သိရှိရပါကြောင်း၊ အထူးသဖြင့် မိမိတို့ ချင်းပြည်နယ်တွင် လာဘ်ပေးလာဘ်ယူမှုက ပိုမိုဆိုးရွားပါကြောင်း။ မိမိတို့နိုင်ငံတွင် ၁၀ တန်း အောင်ကလေးများ၊ ဘွဲ့ရကလေးများကို နှစ်ပေါင်းများစွာ အလုပ်ခေါ်ယူခြင်းများ အလွန်နည်းပါးသောကြောင့် အသက်များ ပိုကြီးလာကြပြီး အခက်အခဲများစွာကြုံတွေ့ကြောင်း၊ ထို့ကြောင့် အောက်ခြေကလေးများအနေဖြင့် ခက်ခဲစွာ ၁၀ တန်းအောင် ဘွဲ့ရပြီး အလုပ်လက်မဲ့ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ဌာနအသီးသီးက အသက် ၂၅ နှစ်ဖြင့် ကန့်သတ် ခြင်းကို နံပါတ်(၁) ၁၀ တန်း အောင်ကလေးများကို အသက် ၃၅ နှစ် ဖြင့်သော်လည်းကောင်း၊ နံပါတ် (၂) ဘွဲ့ရ ကလေးများကိုလည်း ၄၅ နှစ် ဖြင့်လည်းကောင်း သတ်မှတ်ပေးရန်နှင့် (၃) အသက်ပိုကြီးသူများကို ဦးစားပေးစနစ်ဖြင့် ခန့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။