(ဂ)-အသက်(၆၀)အစား(၆၃)နှစ်ပြည့်မှသက်ပြည့် ပင်စင်သတ်မှတ်မည်မှာမှန်ကန်မှုရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-18
နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၀၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ရာ ဒီဥပဒေနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် နည်းဥပဒေများကိုလည်း ၂၀၁၄ ခု မတ်လတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီနည်းဥပဒေတွင် ဖော်ပြ ထားသော နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူခြင်းအပိုင်းတွင် သက်ပြည့်ပြင်စင်ယူရမည့် အသက်ကန့်သတ်ချက်ကို အသက် ၆၀ ဟူ၍ကန့်သတ်ထားခြင်းဖြစ်ပါကြောင်း၊ သို့သော် ယခု လောလောဆယ်တွင် မည်သည့် ဝန်ကြီးဌာနတွင် စာရောက်ရှိပြီ၊ မည့်သည့်ရုံးတော့ စာထုတ်ပြီနှင့် မည်သည့်ဝန်ကြီးဌာနတွင် ၆၃ ပင်စင်ပေးပြီဆိုသည့် ကောလဟာလ များဖြစ်နေပါသောကြောင့် ထိုကိစ္စကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိရန်အတွက် သက်ပြည့်ပင်စင်ကို မူလ သတ်မှတ်သည့် အသက် ၆၀ မှ ၆၃ နှစ်အထိ ပြောင်းလဲသတ်မှတ်ခြင်းဆိုသည်မှာ ဟုတ်/မဟုတ် သိရှိလိုပါကြောင်း မေးမြန်းပါသည်။