(က)-၂၀၁၃-၂၀၁၄ကယားပြည်နယ် အစိုးရမှ ခွင့်ပြုပေးခဲ့သောကျပ်သန်း ၂၀၀ မှာ ဘတ်ဂျက် ဥပဒေနှင့်ညီညွတ်ခြင်းရှိ/မရှိနှင့် သံလွင်တံတား (ဖာဆောင်း)တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်ရှိ သံလွင်တံတား(ဖာဆောင်း)သည် စီမံကိန်း၏ ခန့်မှန်းချိန်တန်ဖိုးအား သန်း ၃၀၀၀ ဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ် Supplementary ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် နောက်ထပ်ကျပ်သန်း ၁၀၀၀ ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခွင့်ပြုခဲ့ပြီး ကယားပြည်နယ်အစိုးရကနေ ရန်ပုံငွေကနေ ကျပ်သန်း ၂၀၀၀ ဖြင့်လည်းကောင်း၊ ယနေ့အထိ ခွင့်ပြုငွေစုစုပေါင်း ကျပ်သန်းပေါင်း ၃၂၀၀ ဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်း စာအုပ် စာမျက်နှာ ၂၆၆ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်မံလျာထားရာ ယင်းတံတားအတွက် ကျပ်သန်း ၃၀၀၀ ဟု တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်အစိုးရမှ ခွင့်ပြုပေးခဲ့သော ကျပ်သန်း ၂၀၀၀ တွင် လွှတ်တော်သို့ တင်ပြအတည် ပြုခြင်းမရှိဘဲ နိုင်ငံတော် စီမံကိန်းကြီးတစ်ခု ဆောင်ရွက် နေခြင်းမှာ ဘတ်ဂျက်ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ သံလွင်တံတား (ဖာဆောင်း)သည် မူလခန့်မှန်းခြေ တန်ဖိုး ကျပ် ၃၀၀၀ သာရှိပြီး ပြီးဆုံးချိန်တွင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ မည်မျှရှိပါသနည်းနှင့် မည်သည့်အချိန် ကာလတွင် ပြီးဆုံးမည်ကို သိရှိလိုကြာင်း မေးမြန်းပါသည်။