(င)-ပြည်သူလူထုနှင့်ဆက်ဆံနေရသောဝန်ကြီးဌာ နနှင့်ဦးစီးဌာနများသည်ထုတ်ပြန်ထားသည့်ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်ညွှန်ကြားချက်များ ကို ပြည်သူများအလွယ်တကူ သိရှိနိုင်ရန်အတွက် Websiteများ လွှင့်တင်ထားနိုင်ရေးနှင့် စပ်လျဉ်း သည့် မေးခွန်း
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်အချက်များများစွာ ရှိသည့်အနက် ပွင့်လင်းမြင်သာမှုရှိခြင်း၊ Transparency သည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ပြည်သူလူထု၏ ဆက်ဆံ၊ ဆက်သွယ် လုပ်ဆောင်နေရသော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ လုပ်ငန်းဌာနများသည် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များ ကို ပြည်သူများအလွယ်တကူ သိရှိနိုင်စေရန်အတွက် Website များတွင် လွှင့်တင်ထားရန် လိုအပ်သည်ဟုယူဆပါကြောင်း၊ ဝန်ကြီးဌာနအရေအတွက် မည်မျှသည် ပြီးပြည့်စုံသည့် Website များကို လွှင့်တင်ထားပါသနည်း။ ဝန်ကြီးဌာနအားလုံးသည် ပြီးပြည့်စုံသည့် Website များ မည်သည့်ခုနှစ်တွင် လွှင့်တင်ပြီးဖြစ်ရန် ဆောင်ရွက်ထားပါရှိပါကြောင်းနှင့် မည်သည့်ဝန်ကြီးဌာနများသည် မြန်မာ/ အင်္ဂလိပ်နှစ်ဘာသာ စလုံးဖြင့် လွှင့်တင်ထားရှိပါကြောင်း သိရှိလိုပါသဖြင့် မေးမြန်းပါသည်။