(ခ)-လယ်ယာနှင့်အခြားသီးနှံများ စိုက်ပျိုးရေးနည်း ပညာနှင့် ပတ်သက်သော အချက်အလက်များကို Website ဖွင့်၍ တင်ထားပေးရန် အစီအစဉ်ရှိ၊ မ ရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဆက်သွယ်ရေးနှင့် Internet စာမျက်နှာများကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများ၊ လူကြီးလူငယ်မကျန် ခေတ်နှင့်အညီ သုံးစွဲလျက်ရှိရာ အချို့တွင် အင်္ဂလိပ်ဘာသာမှ အစပြု၍ အခြား ဘာသာများကိုပါ တတ်မြောက်ကြသဖြင့် လိုအပ်သည်များကို ရှာဖွေဖတ်ရှုနေနိုင်ကြပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ အချို့ တောင်သူဦးကြီးများသည် အင်္ဂလိပ်စာဖြင့် သိလိုသည်များကို ရှာဖွေဖတ်ရှုနိုင်ကြသော်လည်း အချို့မှာ ဘာသာအခက်အခဲများ ရှိနေကြပါသဖြင့် စိုက်ပျိုးရေးအဓိက နိုင်ငံဖြစ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် လွယ်လွင့်တကူ စိုက်ပျိုးရေးနည်းပညာများကို Internet မှတစ်ဆင့် မြန်မာစာဖြင့် ကြည့်ရှုလေ့လာနိုင်ရန် လိုအပ်သော စိုက်ပျိုးနည်း၊ သီးနှံစုံစိုက်ပျိုးနည်း၊ စိုက်ပျိုးရေး၊ နည်းပညာများကို လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ Internet Website ပေါ်တွင် တင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ တောင်သူဦးကြီးများ၏ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။