(ဂ)-ရှမ်းပြည်နယ်မြောက်ပိုင်းမယ်ဟန်၊မိုင်းရယ်ကျေး သီလမ်းအပိုင်းရှိ တံတားအမှတ် (၂/၇၁)ခိုလောင်း တံတား၏ တည်ဆောက်ရေးစီမံကိန်းကာလမည် မျှဖြစ်သည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကို အဓိက ဆက်သွယ်ပေးထားသော လမ်းမတစ်ခုဖြစ်သည့် မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း အပိုင်းရှိ တံတားအခြေအနေများကို တင်ပြမေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းအပိုင်းတွင် အဓိကတံတားသုံးစင်းရှိပြီး နမ္မတံတားနှင့် နားလီတံတားကို ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ခွင့်ပြုလျာထားမှာဖြစ်ပါကြောင်းနှင့် ခိုလောင်းတံတား သည် လက်ရှိတည်ဆောက်နေဆဲဖြစ်သည်ကို သိရှိရပါကြောင်း၊
အဆိုပါလမ်းအပိုင်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို အဓိက ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တောင်ပိုင်းရှိ တောင်ကြီးကို သွားမည်ဆိုပါက လမ်းတံတားများ မကောင်းသည့် အတွက် မန္တလေးတိုင်း ဒေသကြီးမှတစ်ဆင့် ကွေ့ပတ်သွားခဲ့ရပါကြောင်း၊ ယခုလမ်းအပိုင်းများကို အဆင့်မြှင့် တင်ပြီး ပြည်ထောင်စုအဆင့်လမ်းအဖြစ် သတ်မှတ်ထားသော်လည်း တံတားများအခြေနေမှာ ပြီးစီးခြင်းမရှိသေး သည်ကို ပြည်သူများမှ တင်ပြလာပါကြောင်း၊ ထို့ကြောင့် မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ တံတား အမှတ်(၂/၇၁) ခိုလောင်း တံတားသည် တည်ဆောက်ရေးစီမံကိန်းကာလဖြစ်၍ အပြီးတည်ဆောက်ရန် လျာထား သည့် ကာလနှင့် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။