(ဂ)-ချင်းပြည်နယ်တွင် ပိန်းဥအဝယ်ဒိုင်များဖွင့်လှစ် ပြီး ဈေးနှုန်းမှန်ဖြင့် ပုံမှန်ဝယ်ယူနိုင်ရေး စီမံဆောင် ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးထန်းလိန်း (မင်းတပ်) ၃၀-၃-၂၀၁၄ ရက်နေ့ထုတ် ချင်းဝေါဝိကရိဂျာနယ်၏ ရေးသားဖော်ပြချက်အရ ချင်းပြည်နယ် ပိန်းဥဧက စုစုပေါင်း ၁၅၆၂ ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ပိန်းဥအလေးချိန် ၅၃၅၃၂၂ ပိဿထွက်ရှိကြောင်း၊ လွန်းဆန်းမြို့နယ် တစ်မြို့နယ်တည်းတွင် ၁၁၆၂ ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် ပိန်းဥစိုက်ပျိုးရေးကို အသုံးချသည့် မြေအတွက် မြေခွန်ရရှိထားမှုအခြေအနေ သိရှိလိုပါကြောင်း၊ နောက် ချင်းပြည်နယ်တွင် ထွက်သည့် ပိန်းဥ ၅၃၅၃၀၀၁၂ ပိဿတန်ချိန်အားဖြင့် ၈၆၀၀ တန် ခန့်လည်း တစ်ဧကအတွင်းစားသုံးမှုနှင့် အခြားသို့ တင်ပို့ရောင်းချသည့်အတွက် ဝင်ငွေရရှိမှုအခြေအနေ သိလိုပါကြောင်း၊ ချင်းပြည်နယ်တွင် ပြည်ပနိုင်ငံများကနေပြီး ပိန်းဥဝယ်ဒိုင်များဖွင့်လှစ်၍ ဈေးနှုန်းမှန်နှင့် ပုံမှန်ဝယ် ယူပေးနိုင်စေရန် ပြည်ထောင်စုအစိုးရမှ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသိရှိ လိုပါကြောင်း မေးမြန်းပါသည်။