(က)-မြန်မာ့ရိုးရာအားကစားဖြစ်သောလက်ဝှေ့အား ကစားနည်းကို အဆင့်မြှင့်တင်ပေးရန်နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-19

ဦးဇော်ဝင်းအောင် (မြင်းမူ) မြန်မာ့လက်ဝှေ့သည် မြန်မာ့ရိုးရာအားကစားဖြစ်သည့် အမျိုးသားကိုယ်ခံပညာအဖြစ် ကမ္ဘာတွင်ရပ်တည်နိုင်ပြီး ကမ္ဘာ့ချန်ပီယံများနှင့်လည်း စိန်ခေါ်ထိုးသတ် အနိုင်ရခဲ့သူများအတွက် မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်း အဆင့်အတန်း ပိုမိုမြင့်မားလာစေလိုသည့် ရည်ရွယ်ချက်များဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။

မေးခွန်း(၁) ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပခွင့်ရရှိရန်အတွက် အားကစားဝန်ကြီးဌာန သို့မဟုတ် ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ ရိုးရာလက်ဝှေ့ကောင်စီသို့ ရန်ပုံငွေပေးသွင်းရခြင်းရှိ/မရှိနှင့် ပေးသွင်းရခြင်းရှိပါက ရာခိုင်နှုန်းမည်မျှ ပေးသွင်းရသည်ကို သိရှိလိုပါကြောင်း၊ ရိုးရာလက်ဝှေ့ အားကစားသမားများအတွက် ခံစားခွင့်ရာခိုင်နှုန်းမည်မျှ ရှိသည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း (၂) ရိုးရာလက်ဝှေ့အားကစားသည် သာမန်အားဖြင့် အင်တိုက်အားတိုက် စွယ်စုံထိုးသတ် အားကစားနည်းဖြစ်သည့်အတွက်ကြောင့် ရိုးရာလက်ဝှေ့ အားကစားသမားများကို အသက်အာမခံထားရှိရန် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပြည်ပမှ လာရောက်ယှဉ်ပြိုင်ကြသော လက်ဝှေ့သမားများအတွက် အသက်အာမခံမည်ကဲ့သို့ ထားရှိပေးမည်ကို သိရှိလိုပါကြောင်း၊ ရိုးရာလက်ဝှေ့ဒိုင်လူကြီးများအနေဖြင့် အမှတ်စဉ်ရေတွက်ပြီး အရှုံး/အနိုင် ဆုံးဖြတ်ပေးခြင်းသာမက အရေးပေါ်အသက်ကယ် ကုသစောင့်ရှောက်ပေးသော နည်းလမ်းများကို ထားရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆရာဝန်များအသင်း၏ ခွင့်ပြုချက်အတွင်းတွင် ရှိသင့်သည့် အဆုံးအဖြတ်များကို လိုအပ်သလို အဆုံးအဖြတ်ပေးနိုင်သော ဒိုင်လူကြီးများ ပေါ်ထွက်လာရေးအတွက် အားကစားဝန်ကြီးဌာနအနေနှင့် ရိုးရာလက်ဝှေ့ ဒိုင်လူကြီး သင်တန်းဖွင့်လှစ်ပြီး လေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း၊ မေးခွန်း(၄) မြန်မာနိုင်ငံအတွင်း အားကစားရုံ၊ အားကစားခန်းမများ တည်ဆောက်ပေးထားသည့်အတွက် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပလိုပါက အဆိုပါ အားကစားရုံ၊ အားကစားကွင်းများကို ဈေးကြီးပေးပြီး ငှားရမ်းရခြင်း၊ ရုံဝင်ကြေးများဈေးကြီးနေခြင်းရှိနေပါသည်။        

သို့ဖြစ်ပါ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရိုးရာလက်ဝှေ့အားကစားရုံများ သီးသန့်တည်ဆောက်ပေးပြီး မြန်မာ့ရိုးရာ လက်ဝှေ့၏အားကစားနည်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။