(ဂ)-အိမ်ခြံမြေရောင်းဝယ်၊ငှားရမ်းခြင်းများအပေါ်အ ခွန်ငွေတွက်ချက်ရန်အိမ်ခြံမြေဈေးနှုန်းသတ်မှတ်ခြင်း အားထုတ်ပြန်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-19

ဦးအေးမောက် (မလှိုင်) မိမိတို့နိုင်ငံအနေဖြင့် ယနေ့တွင် အခွန်နဲ့ပတ်သက်၍ များစွာ ရရှိရန်ကျန်ရှိနေသည့်အခွန်များ အများအပြား ကျန်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်အနေဖြင့် အိမ်ခြံမြေရောင်းဝယ်ဆောက်လုပ် ငှားရမ်းသည့် ကိစ္စရပ်များတွင် ရသင့်ရထိုက်သော ဝင်ငွေများ ကျန်ရှိနေပြီး ထိုကဲ့သို့ ကျန်ရှိနေသည်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အခွန်နှုန်းထားများ တွက်ချက်ရာတွင် အခက်အခဲရှိခြင်း၊ ပြည်သူများသည် အခွန်ယဉ်ကျေးမှုအားနည်းခြင်း၊ ရုံးပြင်ကနားသွားရာတွင် စိုးရိမ်မှုများရှိနေခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေ ရောင်းဝယ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို တန်ဖိုးတွက်ချက်ရာတွင် မြေ၊ အဆောက်အအုံ၊ တန်ဖိုးများ ငှားရမ်းမှု၊ ငှားရမ်းခများ သတ်မှတ်ပေးသင့်ပါ ကြောင်း၊ ထို့အပြင် SAS စနစ်များကို မိမိကိုယ်တိုင် တွက်ချက်ပြီး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ အိမ်ခြံမြေ အဆောက်အအုံ ငှားရမ်းခြင်းများကို အဖွဲ့ဖြင့် သတ်မှတ်ထုတ်ပေး မည်ဆိုပါကလည်းကောင်း၊ အဆိုပါတန်ဖိုး သို့မဟုတ် အမှန်တကယ် ဆောင်ရွက်ရမည့် တန်ဖိုးအတိုင်း တွက်ချက်ထားသောအခွန်များကို ဘဏ်များတွင် သတ်မှတ်ထားသောနည်းလမ်းအတိုင်း ချလံများဖြင့် ပေးသွင်းအခွန်ထမ်းဆောင်ခြင်းဖြင့် အခွန်ရုံးများတွင် ဝန်ထမ်းများအတွက် လုပ်ငန်းပိုမိုမြန်ဆန်လာသကဲ့သို့ အခွန်ထမ်းများအတွက်လည်း စိတ်လက်ချမ်းသာစွာ အခွန်ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်များ ပိုမိုရရှိလာရန် အိမ်ခြံမြေရောင်းဝယ်ငှားရမ်းခြင်းအပေါ် အခွန်ငွေတွက်ချက်ရာ အိမ်ခြံမြေတန်ဖိုး၊ ဈေးနှုန်းသတ်မှတ်ခြင်း ကိစ္စရပ်အား နေရာဒေသအလိုက် သက်ဆိုင်ရာ တာဝန်ရှိအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သတ်မှတ်ဆောင်ရွက် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိနှင့် သတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ဖြစ်သည်၊ သတ်မှတ်ဆောင်ရွက် ပေးနိုင်ပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်၊ အခွန်ထမ်းဆောင်ရွက် ရမည့်နည်းလမ်း (Procedure) ကို ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။