(ဆ)-မောက်မယ်မြို့နယ်ကတူးကြီးကျေးရွာအုပ်စု အတွင်းရှိကြိုးဝိုင်းသစ်တောများကိုမည့်သည့်အချိန် မှစတင်သတ်မှတ်ခဲ့ပြီး အိမ်ခြေ(၅၀)အောက်လျော့ ရှိသောကျေးရွာများကိုကြိုးဝိုင်းဧရိယာမှပလပ်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)ကတူးကြီးကျေးရွာအုပ်စုသည် မောက်မယ်မြို့နယ်၏ တောင်ဘက်အစွန်းဆုံး ရှမ်း၊ ကယားနယ်စပ်တွင်တည်ရှိပြီး ယခင်က ကျေးရွာ ပေါင်း ၂၃ ရွာရှိသည့်အနက် အချို့ကျေးရွာငယ်များမှာ နယ်မြေအခြေအနေအနေအထား အရ ပြောင်း ရွှေ့ကြပြီးဖြစ် ပါသည်။ လက်ရှိရွာကြီးများဖြစ်ကြသော ဒေါသမ၊ နားဟီး၊ ဘဏ်မန်နဲ အိမ်ခြေ ၅၀ အထက်ရှိကြသဖြင့် အိမ်နံပါတ်တပ်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ သို့ရာတွင် ရွာငယ်များဖြစ်ကြသော ကျူးတဝီး၊ ဘဏ်မန်နဲ၊ နမ့်မတက်၊ ဘဏ်လမ်းနှင့် နောင်ခိုက်ကျေးရွာများမှာ ယခင်စစ်သုံးမြေပုံများတွင်လည်း အမည်ပေါက်ဖြစ်ကြပြီး ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် စိုက်ပျိုး လယ်ယာမြေများ တည်ရှိကြပြီး လက်ရှိတွင်လည်း ရွာသားများအခြေကျနေထိုင် လျက်ရှိကြပါသည်။

သို့ရာတွင် ယခုအခါ သစ်တောကြိုးဝိုင်းသတ်မှတ်ချက်အရ အိမ်ခြေ ၅၀ အောက် ရှိသော ကျေးရွာ များမှာ ပြောင်းရွှေ့ရမည့် အနေအထား ရောက်ရှိနေပြီး ကြိုးဝိုင်း သတ်မှတ်ချိန်တွင်လည်း ဒေသခံများအနေဖြင့် သိရှိခွင့်မရရှိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုးဝိုင်းဧရိယာအတွင်း ကျရောက်နေသော မောက်မယ်မြို့နယ် ကတူးကြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငယ်များနှင့် စပ်လျဉ်း၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-

မောက်မယ်မြို့နယ် ကတူးကြီးကျေးရွာအုပ်စုအတွင်းရှိ ကြိုးဝိုင်းသစ်တောများကို မည်သည့်အချိန်မှ စတင်သတ် မှတ်ဆောင်ရွက်ခဲ့ပါသနည်း။

ဘုန်းကြီးကျောင်း အခြေခံပညာမူလတန်းကျောင်းနှင့် စိုက်ပျိုးလယ်ယာမြေများအတည်တကျတည်ရှိ သည့် အိမ်ခြေ ၅၀ အောက်လျော့နည်းသော ကျေးရွာငယ်များကို ကြိုးဝိုင်းဧရိယာမှ ပလပ်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည် အစီအစဉ်မရှိ ပါက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။