(ဂ)-တက္ကသိုလ်ကျောင်းများရှိ လက်တွေ့ခန်းများ၌ သိပ္ပံပစ္စည်းများ ဝယ်ယူရန် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု အခြေအနေကိုသိလိုခြင်းနှင့်သိပ္ပံကျောင်းသားများအား လက်တွေ့စာမေးပွဲများစစ်ဆေးခြင်း၊အကဲဖြတ်ခြင်း၊ Creditသတ်မှတ်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခုနိုင်ငံတော်အစိုးရလက်ထက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မျက်မှောက်ခေတ် မြန်မာနိုင်ငံတက္ကသိုလ်ပညာရေးကို အပြုသဘောဝေဖန်ဆန်းစစ်ကြသူများက ပညာအရည်အသွေး အထူးသဖြင့် သိပ္ပံပညာရပ်များတွင် နိမ့်ကျနေသည်ကို သုံးသပ်ကြပါကြောင်း၊ တက္ကသိုလ်များတွင် လက်တွေ့ခန်းများ (Laboratories) ပြည့်စုံစွာမရှိခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများ မပြည့်စုံခြင်း၊ အဆင့်မမီခြင်းတို့အပြင် ကျောင်းသားများ လက်တွေ့စမ်းသပ်မှု Practical Exmination များကို ကိုယ်တိုင် ကိုယ်ကျပြုလုပ်ခွင့်မရရှိတာကြောင့် သိပ္ပံလက်တွေ့ အတွေ့အကြုံများ (Practical Experience) မရ ရှိတော့ဆိုသည့် သုံးသပ်ချက်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Scientific Analysis ၊ Data Analysis၊ Data Interpretation စသည့် နည်းစနစ်များကိုလည်း မတတ်ကြသည့်အပြင် လက်ရှိကျင့်သုံးနေသော သင်ကြားမှုပုံစံနည်းစနစ် ခေတ်မမီတော့သည့်အတွက်ကြောင့် analytical reasoning၊ critical thinking၊ creative outlook စသည့်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်မှု အားနည်းရသည်လို့လည်း အကဲဖြတ်ကြပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဘွဲ့ရအများစုသည် ပညာအခြေပြု Knowledge Base လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန် အရည်အသွေးမပြည့်မီတောခြင်းဖြစ်ပါကြောင်းကို သုံးသပ်ကြပါကြောင်း။
တက္ကသိုလ်များ၏ အဓိကတာဝန်သည် ထိရောက်သော သင်ကြားရေးနှင့် ပြုပြင်ရေး Teaching Leaning and result တို့ကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားအများကို ပညာအခြေပြုစွမ်းဆောင်မှု Knowledge Base Capacity ပြည့်မီအောင်လေ့ကျင့်သင် ကြားဖြည့်စည်းပေးရန်၊ တတ်မြောက်ရန်အတွက် တက္ကသိုလ်များတွင် ပညာရပ်ဆိုင်ရာ လုပ်ကိုင်ခွင့် Academic Authority ရှိရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်မီသော ဆရာများနှင့် သုတေသန ပညာရှင်အစုအဖွဲ့များ ပြည့်စုံစွာရှိရမည်ဖြစ်ပြီး စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းများ (Scientific Laboratorys)၊ ခေတ်မီသိပ္ပံပစ္စည်းများ (Modern Scientific Equitments) ပြည့်စုံရန် လိုအပ်ပါကြောင်း။
ယခုအချိန်တွင် နိုင်ငံတော်အစိုးရက တက္ကသိုလ်များ ပညာရည်မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သိပ္ပံပညာရေးကဏ္ဍ လုပ်ငန်းများအပေါ် အကဲဖြတ်ဦးစီးရမည့် ဆောင်ရွက်မှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကျောင်းသားမိဘပြည်သူအပေါင်းက လေ့လာပြီး ပညာရေးတိုးတက်မှုကို ဝေဖန်သုံးသပ် အကဲဖြတ် ဆောင်ရွက်နိုင်ရန်အတွက် (၁) တက္ကသိုလ်များတွင်ရှိ သိပ္ပံဘာသာရပ်ဌာနများတွင် လက်တွေ့ခန်းများကို အဆင့်မြှင့်တိုးချဲ့ တည်ထောင်ထားရှိမှု စံချိန်မီလက်တွေ့ခန်းသုံး သိပ္ပံပစ္စည်းများ Standard Laboratory Apparatus ပြည့်စုံအောင်ဖြည့်ဆည်းပေးထားမှုများနှင့် ထိုသို့ဖြည့်ဆည်းပေးရေး အတွက် တက္ကသိုလ်အလိုက် သိပ္ပံပစ္စည်းများ ဝယ်ယူဖြည့်ဆည်းရန် ဘတ်ဂျက်ခွဲဝေသုံးစွဲထားမှုအခြေအနေကို သိရှိလိုပါကြောင်း၊ (၂) တက္ကသိုလ်တိုင်းတွင် သိပ္ပံကျောင်းသားတိုင်း လက်တွေ့စမ်းသပ်မှုများ Last Experience များကို ကိုယ်တိုင်သိပ္ပံပစ္စည်းများ ကိုင်တွယ်အသုံးပြုပြီး လက်တွေ့ Practical လုပ်ဆောင်နေခြင်းရှိ/မရှိ၊ လက်တွေ့စာမေးပွဲများ Practical Exmination များကို ကျောင်းသားတစ်ဦးချင်းအလိုက် စစ်ဆေး ခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။