(ဂ)-ဆောမြို့နယ်ကျောက်ထုအ.ထ.က ကျောင်းအ တွက်စာသင်ခန်း(၁၂)ခန်းနှင့်ကျောင်းဆောင်အသစ် များဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-19
ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်သည် ရပ်ကွက်ကျေးရွာအုပ်စု ၃၂ အုပ်စုရှိပြီး လူဦးရေ ၃၄၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ကျောက်ထု (အ.ထ.က) တွင် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် ကျောင်းသား ၁၇၃၈ ဦး ရှိပြီး ၁၀ တန်း ကျောင်းသား ၁၁၅၀ ရှိပါကြောင်း၊ ထို့ကြောင့် ကျောက်ထု (အ.ထ.က) တွင် ကျောင်းသားအရေအတွက်နှင့် စာသင်ခန်းအရေအတွက် မမျှတသည့်အတွက် ကျောင်းသားများက ကြပ်တည်းစွာ စာသင်ကြားလျက်ရှိပါကြောင်း၊ ၁၀ တန်းစာမေးပွဲ ဖြေစဉ်ကလည်း အ.ထ.က အပြင် ရပ်ကွက်နှစ်ကွက်က ကျောင်းနှစ်ကျောင်းတွင် Center သုံးခုခွဲပြီးမှ ၁၀ တန်းစာမေးပွဲကို စစ်ခဲ့ရပါကြောင်း၊ စာရေးခုံများကိုလည်း ၆ မိုင်လောက်ဝေးသည့် ကန်ကြီးကျောင်းက သယ်ယူပြီး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျောက်ထုမြို့ အ.ထ.ကတွင် စာသင်ခန်းများ လိုအပ်နေသဖြင့် မည်သည့်ကာလတွင် ဆောင် ရွက်ပေးနိုင် မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။