(ဃ)-ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာအထက် တန်းကျောင်းခွဲကိုအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျောင်းသည် ၁၃၁၉ ခုနှစ် အင်္ဂလိပ်လက်ထက်ကတည်းက ဖွင့်လှစ်ခဲ့သော မူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ရခဲ့သည့် ကျောင်းဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ် ဒုတိယကမ္ဘာတွင် ယင်းကျောင်းသည် ပိတ်သိမ်းသွားပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုအောက်တွင် အစိုးရကျောင်းအဖြစ် နှစ်ပေါင်း ၃၀ ခန့် စာသင်ကြားနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် အစိုးရအစီအစဉ်ဖြင့် ဖွင့်လှစ်ပြီး စတင်သင်ကြားနိုင်ခဲ့ပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် စတင်ပြီး ၁၉၈၃ ခုနှစ်တွင် အလယ်တန်းကျောင်း အဖြစ် လည်ကောင်း၊ ၁၉၉၃ ခုနှစ်တွင် တွဲဖက်အထက်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ် အထက်တန်းကျောင်းခွဲ အဖြစ်လည်းကောင်း တိုးမြှင့်ပေးခဲ့ပါကြောင်း၊ အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးချိန်မှစ၍ ကျောင်းသည် မြို့နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ပထမ၊ ဒုတိယအဆင့် ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ဒုတိယ၊ တတိယအဆင့်နှင့် နာမည်ကောင်းရှိသော ကျောင်းလည်းဖြစ်ပါကြောင်း၊ ယင်းဒေသတွင် မြို၊ ခမိနှင့် ရခိုင်တိုင်းရင်းသားများ အဓိကနေထိုင်သော ဒေသဖြစ်သည့်အတွက် မြို၊ ခမိတိုင်းရင်းသားများ၏ အားကိုးရာမှီခိုရာ ကျောင်းကြီး တစ်ကျောင်းလည်းဖြစ်ပါကြောင်း၊ မူလတန်းလွန် (၃) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁) ကျောင်း၊ မူလတန်းကျောင်း (၂၂) ကျောင်းသည် အမှီပြုပြီးရှိနေသည့်အတွက် အထက်တန်းကျောင်း (ခွဲ) အဖြစ် ၉ နှစ်ရှိနေပြီဖြစ်သော ၎င်းကျောင်းကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ပိုးရွှီပြင်အထက်တန်းကျောင်း (ခွဲ) ကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။