(င)-လေးမျက်နှာမြို့နယ်ရှိ အခြေခံပညာ ကျောင်း (၁၅)ကျောင်း သည် အန္တရာယ်ရှိ အဆောက်အအုံ အပါအဝင် ကျောင်းဆောင်ဟောင်းများ ဖြစ်နေသည့် အတွက် ၂၀၁၄-၁၅ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောက် လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-19
လေးမျက်နှာမြို့နယ်အတွင်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့်တည်ဆောက်ရန် လျာထားတင်ပြထားသည့် ကျောင်းများအနက် (၄) ကျောင်းသာ ခွင့်ပြုခဲ့ပြီး ကျန် ၁၅ ကျောင်းဖြစ်သည့် အ.မ.က ဇင်ပြွန်းကုန်း၊ အ.မ.က ကြို့ကုန်း၊ အ.မ.က စိန်ဘောင်၊ အ.မ.က ဝဲဒေါင့်၊ အ.မ.က သုံးဆက်၊ အ.မ.က သောင်တန်းပေါက်ကုန်း၊ အ.ထ.က(ခွဲ) မဲဇလီ၊ အ.မ.က(လွန်) သောင်ဘုတ်၊ အ.မ.က အချုပ်ကလေး၊ အ.မ.က ကျားကိုက်ကွင်း၊ အ.မ.က ထိန်ပင်လဟာ၊ အ.ထ.က(ခွဲ) ပန်းတောကြီး၊ အ.မ.က လယ်တန်ငယ်၊ အ.မ.က ရေနောက်ကျောင်းများသည် အန္တရာယ်ရှိသော အဆောက်အဦများ အပါအဝင် ကျောင်းများ ဟောင်းနေသည့်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် တည်ဆောက်နိုင်ရန် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။