(ခ)-ရွှေဘိုမြို့နယ်အတွင်းရှိအဆစ်ပိုးကြောင့်စပါးခင်း များပျက်စီးသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရ မည့်ကာလကို နောက်ဆုတ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုမြို့နယ်၌ စပါး ၁၀၉၈၉၉ ဧက စိုက်ပျိုးခဲ့ ရာ ရွှေဘိုပေါ်ဆန်းမွှေး စပါးခင်းများ အထူးအောင်မြင်သန်စွမ်းချိန်တွင် အဆစ်ပိုးကြောင့် မအောင်မြင်ဘဲ ထွက်ရှိစပါးတင်းရေ၏ ၅ ပုံ ၁ ပုံသာ ရရှိပါကြောင်း၊ အချို့လယ်သမား များသည် စပါးရိတ်သိမ်းစရိတ်နှင့် စပါးအထွက်နှုန်းမကာမိသည့်အတွက် ထိုစပါးခင်း များကို လုံးဝမရိတ်သိမ်းတော့ပါကြောင်း၊ ယခုကဲ့သို့ အဆစ်ပိုးကြောင့် စပါးခင်းပျက်စီးမှု များသည် ရွှေဘိုမြို့နယ်သာမက တပင်၊ ခင်ဦး၊ ရေဦးရှိ တောင်သူလယ်သမားများ လည်း များစွာနစ်နာဆုံးရှုံးလျက်ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီပြန်ဆပ်နိုင် ရန် အခက်အခဲကြုံနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးစရိတ် ချေးငွေများကို အချိန် မီပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသဖြင့် ပေးဆပ်ရမည့်ကာလကို နောက်ဆုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သို့မဟုတ် နိုင်ငံတော်မှ ယခုကဲ့သို့ အခက်အခဲနှင့်ကြုံသည့်အခါ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ရွှေဘိုမြို့ကို ရောက်ခဲ့စဉ် ကလည်း ပြည်သူများ၏ တင်ပြချက်ကြောင့် စိုက်ပျိုးစရိတ်ချေးငွေများ နောက်ဆုတ်ပေးရန် စီစဉ်နေသည်ကိုလည်း ကြားသိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်းမေးမြန်း ပါသည်။