(ဃ)-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများအတွက် အမှတ်လျော့ပေါ့လျက်တက်ရောက်ခွင့် ပြုထားသော တိုင်း/ဒေသနှင့် ဆရာဝန်သင်တန်းသူ/သား အရေ အတွက်ကိုသိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေ သများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်သင်တန်းကို အမှတ်လျော့ပေါ့လျက် တက်ရောက်ခွင့်ပြုထားသည့်အတွက် ယင်းဒေသခံများက များစွာကျေးဇူးတင်လျက် ရှိကြပါကြောင်း၊ ယင်းသို့ အမှတ်လျော့ပေါ့ တက်ရောက်ခွင့်ပြုထားသည်နှင့် ပတ်သက် ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ မေးခွန်း(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် တစ်နှစ်လျှင် သင်တန်းသားအရေ အတွက် မည်မျှသတ်မှတ်ထားပါသနည်း။ မေးခွန်း(၂) ၂၀၁၂-၁၃ ပညာသင်နှစ်နှင့် ၂၀၁၃-၁၄ ပညာသင်နှစ်တို့တွင် မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ မည်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် သင်တန်းသားမည်မျှ တက်ရောက်သည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးလှထွန်း (ခန္တီး) ကိုယ်စား ဦးဇင်းဝမ် (နန်းယွန်း) က မေးမြန်းပါသည်။