(ဇ)-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ နယ်ရှိ မိုင်းပြင်း-နားပုံလမ်း (၁၃)မိုင် မြေသားလမ်း အားကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင် ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-19
ရှမ်းပြည်နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်ရှိ မိုင်းပြင်းကျေးရွာအုပ်စုနှင့် နားပုံကျေးရွာအုပ်စု သည် ဆက်သွယ်သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ မိုင်းပြင်းကျေးရွာသည် ခလရ (၂၄၉) တည်ရှိရာ ကျေးရွာဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော ကျေးရွာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပြင်းကျေးရွာအုပ်စုနှင့် နားပုံကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသော မိုင်းပြင်း-နားပုံလမ်း ၁၃ မိုင် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန် မေးမြန်းပါသည်။