(ဈ)-ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာရှိ ကျေး ရွာကျောင်းတက်လမ်းအားကျောက်ချောလမ်းအဖြစ် ခင်းကျင်းပေးနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် လမ်းမကြီး ၃ သွယ်နှင့် လမ်းခွဲ ၁၆ ခုရှိပြီး ပင်မပေ ၁၆၀၀ ထိ ကျောင်းတက်လမ်း ၁ လမ်းရှိပြီး ကျေးရွာ အတွင်းရှိလမ်းများကို ကျေးရွာအစီအစဉ်ဖြင့် နှစ်စဉ်ပြုပြင်ကြရ ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကွန်ကရစ်တံတား ၃ စင်းကို ကျေးရွာလူထု၏ ထည့်ဝင်ငွေဖြင့် တိုးချဲ့ ပြုလုပ်ခဲ့သော်လည်း ရွာပြင်ရှိ ကျောင်းတက်လမ်းကို လုပ်ကိုင်နိုင်စွမ်း မရှိသဖြင့် မြေသား လမ်းအဖြစ်သာ ပြုပြင်နိုင်ခဲ့ကြောင်း၊ ယခုအခါ ၎င်းလမ်းသည် မြေသား လမ်းသာဖြစ်ပြီး မိုးရာသီတွင် ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာနေမိဘပြည်သူများနှင့် တိုက်နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသကြသောလူနာများမှာ ရွံ့ဗွက်အိုင်များတွင် သွားလာရေး အခက်အခဲ ကြုံတွေ့နေရသဖြင့် ကျောက်ချောလမ်းအဖြစ် ခင်းကျင်းပေးနိုင်ပါက ပြည်သူများအတွက် အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာကျောင်းတက် လမ်းအား ကျောက်ချောလမ်း အဖြစ်ခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဆောင် ရွက်ပေးနိုင်မည်နှင့် မရှိပါက မည်သည့်အခက်အခဲကြောင့် အကောင်အထည်ဖော် မပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။