(ခ)-မြို့နယ်တရားရုံးတော်မှ ဆုံးဖြတ်ချက်အမိန့်ချ မှတ်ပြီးသောယာဉ်များအား သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အား လေလံတင်ရောင်း ချရန်လုပ်ပိုင်ခွင့်ပေးနိုင်/မပေးနိုင်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-19
မိမိတို့ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များကို နိုင်ငံခြားမှ တရားဝင်တင်သွင်းခွင့်ယူထားပြီးဖြစ်ပါကြောင်း၊ သို့ သော် အကောက်အခွန်မဲ့မော်တော်ယာဉ်များကို မြို့နယ်တော်တော်များများမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ဆဲ ဖြစ်ပါကြေင်း၊ သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ တရားစွဲဆိုအမိန့်ချပြီးသည့် ယာဉ်များအား လေလံတင် ရောင်းချမည့်ကာလ ကြာရှည်စွာ ထိန်းသိမ်းထားရသည့်အတွက် ယာဉ်များပိုမိုပျက်စီးမှုဖြစ်ပေါ်ရခြင်း၊ ယာဉ်များ အချိန်စောစွာ မရောင်းချရသည့်အတွက် သတ်မှတ်တန်ဖိုးမရရှိဘဲ နိုင်ငံတော်ဝင်ငွေရရှိမှု နည်းပါးခြင်း၊ သက်ဆိုင်ရာမြို့နယ်တရားရုံးတော်မှ ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးသော မော်တော်ယာဉ်များအနက် အခြားယာဉ်များအား သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရအဖွဲ့အား လေလံတင်ရောင်းချရန် လုပ်ပိုင်ခွင့် ပေးနိုင်/မပေးနိုင်ကို သိလိုပါကြောင်း မေးမြန်းပါသည်။