(ဃ)-အဆိပ်ရှိပိုးသတ်ဆေး၊ ဖော်စပ်ထုတ်လုပ်ခြင်း ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် သီးသန့် စက်မှုဇုန်တစ်ခုသတ်မှတ်ထူထောင်ပေးရန်အစီအ စဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် စိုက်ပျိုးရေး ပိုးသတ်ဆေးများထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းများကို စနစ်တကျ စီမံဆောင်ရွက် စေရန်နှင့် လူနှင့် ပတ်ဝန်းကျင် ဘေးအန္တရာယ်ဖြစ်စေတတ်သော အဆိပ်ငွေ့များ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ် လာစေရန်တို့အတွက် တာဝန်ရှိသော အစိုးရက ကြိုတင်ကာကွယ်ထိန်းချုပ်ထားရှိနိုင်စေရန် ရည်ရွယ်၍ မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ အချို့ ကုမ္ပဏီများသည် အဆိပ်ရှိပိုးသတ်ဆေးများကို ရန်ကုန်မြို့တော် ဧရိယာ အတွင်းမှာပင် ပြန်လည်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းမျိုးကို လျှို့ဝှက်ဖြစ်စေ၊ ထင်ထင်ပေါ်ပေါ်ဖြစ်စေ ဆောင်ရွက်နေတာကို တွေ့ရှိရသည့်အတွက် အင်မတန် စိုးရိမ်စရာကောင်းပါကြောင်း၊ လူနေရပ်ကွက်များနှင့် နီးစပ်သော စက်မှုဇုန်များတွင် အဆိပ်ရှိတဲ့ပစ္စည်း သိုလှောင်ခြင်းအားဖြင့် သဘာဝအန္တရာယ်နှင့် မီးလောင်ခြင်းများကို ကြုံတွေ့ရပါက ရေတွင်းများ၊ သောက်သုံးရေများ ညစ်ညမ်းစေပြီး မီးလောင်ဖြစ်ပွားပါက ပေါက်ကွဲမှုပြင်းထန်ပြီး အဆိပ်ငွေ့များပါရှိသည့် လေကို ရှုကြရပါသည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများလည်း အချိန်ကြာမြင့်စွာဖြစ်စေပါကြောင်း၊ ဥပမာအနေဖြင့် သာဓကပြောရရင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန် ဂိုထောင်ကွင်းအတွင်းမှာ မီးလောင်ပေါက်ကွဲမှုသည် အနာဂတ်အတွက် ကြိုတင် ကာကွယ် စီမံဆောင်ရွက်ရန်လိုအပ်သည်ကို သင်ခန်းစာအသိပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ အစိုးရ အနေနှင့် သတိရှိရှိစနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် စီမံ အုပ်ချုပ်မှု ညံ့ဖျင်းသော အစိုးရအပေါ် ပြည်သူလူထု၏ တရားစွဲဆိုမှုကိုလည်း ခံရတတ်ပါကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်အတွက် အကောင်းဆုံးဆောင်ရွက်ပေးရန် တာဝန်ရှိသောကြောင့် နိုင်ငံတော်အစိုးရမှ အဆိပ်ရှိ ပိုးသတ်ဆေးများ ဖော်စပ်ထုတ်လုပ်ခြင်း၊ ပြန်လည် ထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် သီးခြား၊ သီးသန့်စက်မှုဇုန်တစ်ခု သတ်မှတ်ထူထောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။