(ခ)စွမ်းအင်ကဏ္ဍ ဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှု အခြေအနေကို ပြည်သူအများ သိရှိစေရန် အတွက် ပြန်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိသည် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသူဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံ စွမ်းအင် ကဏ္ဍကို ပိုမို ထိရောက်သည့်ညှိနှိုင်း ကွပ်ကဲစီစဉ်မှုများ ဆောင်ရွက်ပါရန် အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်ဘက်ကလည်း အတည် ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ စွမ်းအင်ကဏ္ဍသည် တိုင်းပြည်အတွက် အင်မတန် အရေးကြီးသော ကဏ္ဍ တစ်ရပ်ဖြစ်ပါသောကြောင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုသည် စွမ်းအင်သုံးစွဲမှုနှင့် တိုက်ရိုက် အချိုးကျလျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စွမ်းအင်သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း energy Poverty စွမ်းအင်ဆင်းရဲမှုကို ခံစားနေရဆဲ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လျှပ်စစ် ဓာတ်အားကို တစ်ပြည်လုံး လွှမ်းခြုံပါက ၂၆ ရာခိုင်နှုန်း သာပေးနိုင်သေး သည့်အတွက် International Energy Agency က Myanmar is an extreme example of energy proverty သတ်မှတ်ခြင်းခံရပါကြောင်း၊ energy is the oxygen of economic ဆိုသကဲ့သို့ စီးပွားရေးသည်လည်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် တိုက်ရိုက် တည်ရှိလျက်ရှိပါကြောင်း၊၊ 3E ဟုခေါ်သော Economic grow and development energy assault and security environment sub stabilityသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အရေးကြီးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်း အမြစ် ပေါကြွယ်ဝသော်လည်း ပြည်တွင်း လိုအပ်ချက်ကို ဦးစားပေး ဖြည့်တင်းနိုင်ခြင်းမရှိသေးသောကြောင့် စွမ်းအင် အရင်းအမြစ်များ ထုတ်ယူသုံးစွဲနေသည့် ဌာနအချင်းချင်း ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ရေနံ၊ သဘာဝဓါတ်ငွေ့၊ လျှပ်စစ် စသည့်စွမ်းအင်များကို ပြည်တွင်း သုံးစွဲရေး ဦးစားပေးဖြည့်ဆည်းရန်၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး အပါအဝင် စက်မှုလုပ်ငန်းကြီးများတွင် ကျောက်မီးသွေး ကို စနစ်တကျခေတ်မီသုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးစီမံဆောင်ရွက်ရန်၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို စနစ်တကျတိကျသော ရည်မှန်းချက်များချမှတ် သုံးစွဲရေးဆောင်ရွက်ရန် လိုအပ်ပါက အဖွဲ့အစည်း တစ်ရပ်သီးခြားဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စွမ်းအင် ထုတ်ယူသုံးစွဲရေး ဆိုင်ရာစီမံ ကိန်းကြီးများ အားလုံး စီးပွားရေးတွက်ခြေကိုက်မှုရှိ/မရှိ၊ ပြည်တွင်းသုံး စွဲရေး ဦးစားပေးထားခြင်းရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အစီအမံများ စနစ်တကျ ဆောင်ရွက်ထားခြင်းရှိ/မရှိ စသည့် စိစစ်ချက်များကို သုံးသပ်ချက် များနှင့်တကွ ပြည်သူလူထုကိုယ်စားပြု ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက်ရယူ ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းခြင်း အဆိုကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကတင်သွင်းခဲ့ရာ ယနေ့အစည်းအဝေးတွင် (က) မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ပိုမို ထိရောက်သည့် ညှိနှိုင်းကွပ်ကဲစီမံမှု များဆောင်ရွက်ပါရန် တိုက်တွန်းသည့်အဆိုအပေါ် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ ပြည်သူလူထုသိရှိစေရန် ပြည့်ပြည့် စုံစုံပြန်ကြားပေးပါရန်၊ (ခ) စွမ်းအင်ကဏ္ဍတိုးတက်မှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ကြိုးပမ်း ဆောင်ရွက်မှုများ ကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် သင့်တော်မည့်အစီအစဉ်များ ဆောင်ရွက်ရန်ရှိ/မရှိ၊ ဆောင်ရွက်ရန် မရှိပါက မည်သည့်အတွက် မရှိကြောင်းနှင့် ဆောင်ရွက်ရန်ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။