(ခ)-မိုင်းရှူးမြို့မှ (၂) မိုင်နှင့်အထက်ကွာဝေးသော မိုင်းအော့ကျေးရွာအုပ်စုဒေသ၊ ဝမ်းဆော့ကျေးရွာ အုပ်စုဒေသနှင့် မိုင်းစံမဲနယ်ခွဲဒေသများသို့ GSM တာဝါတိုင်များ ထပ်မံဖြည့်စွက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိုင်းရှူးမြို့တွင် GSM တာဝါတိုင်တစ်ခုနှင့် ဝမ်ကွမ်တောင်ပေါ်တွင် CDMA 450 တာဝါတိုင် တစ်ခုသာ ရှိသည့် အတွက် GSM တာဝါတိုင်မှ မိုင်းရှူးမြို့အနီး (၂) မိုင် ပတ်လည်သာ ဖုန်းပြောနိုင်ပါကြောင်း၊ အနီး တဝိုက် ကျေး လက်တောရွာ၌ ဖုန်းများ ကိုင်ဆောင်အသုံးပြုနိုင်ရန်အတွက် (တန်ဖိုးနည်း) GSM ဖုန်းကတ်များ အစဉ် မပြတ် ရောင်းပေးနေသော်လည်း ကျေးလက်နေပြည်သူများအနေဖြင့် ဝယ်ယူ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းရှူးမြို့မှ (၂) မိုင်နှင့်အထက် ကွာဝေးသော မိုင်းအော့ကျေးရွာအုပ်စုဒေသ၊ ဝမ်ဆော့ကျေးရွာ အုပ်စုဒေသနှင့် မိုင်းစံမြို့နယ်ခွဲဒေသများသို့ GSM တာဝါတိုင်များ ထပ်မံဖြည့်စွက် ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိ သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဦးကျော်တင်ရွှေ(မိုင်းရှူ း) ကိုယ်စား ဦးခင်မောင်သီ (လွိုင်လင်) က မေးမြန်းပါသည်။