(ဂ)-ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် PCO ဖုန်းများမှ လစဉ်ကောက် ခံနေသည့် အခွန်ငွေ ၃၀၀၀ိ/-အား ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးညီညီမြင့် (အုတ်တွင်း)ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအား ၂၀၁၀ ခုနှစ် သြဂုတ်လမှစတင်ပြီး ၂၀၁၂ တိုင်အောင် PCO ဖုန်းများကို ကနဦးသွင်းဈေး ၁၂၀၀၀၀ ကျပ်၊ ၁၃၀၀၀၀  ကျပ် စသဖြင့် ပေးသွင်းရပြီး လစဉ် KA ၏ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးသွင်းရပါကြောင်း၊ ထို့မှတစ်ဆင့် နောက်ပိုင်းတွင် ၅ ရာခိုင်နှုန်း  ထပ်လျော့ပြီး ယနေ့အချိန်ကာလအထိ လစဉ် ၃၀၀၀ ကျပ် ပေးသွင်းနေရပါကြောင်း။

ယခုအခါ တန်ဖိုးနည်း SIM Card များမှာ နေရာအနှံ့အပြား ရရှိနေပြီဖြစ်သည့်အတွက် PCO လုပ်ကိုင်နေသူများအတွက် အခွင့်အလမ်းနည်းသွားပြီး ဝင်ငွေများလည်း နည်းပါးသွားရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသော PCO အခွန် ၃၀၀၀ ကျပ်အား လျော့ပေါ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးမင်းဆွေ (ဒိုက်ဦး) ကိုယ်စား ဦးညီညီမြင့် (အုတ်တွင်း) က မေးမြန်းပါသည်။