(ဂ)-နိုင်ငံပိုင်အင်းများအားကုမ္မဏီအမည်ဖြင့်တိုက် ရိုက်လုပ်ပိုင်ခွင့်ပြုခြင်း၊ အမြတ်ယူအင်းချထားခြင်း သည်လေလံစည်းကမ်းနှင့်ညီညွတ်မှုရှိ၊မရှိနှင့်ဆုံးရှုံး နစ်နာမှုအားမည်သို့စီမံပေးမည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရသည်ဂရန်ကြီးများအား လေလံတင်ရောင်းချခြင်းနှင့် ကြေးတိုင် စိုက်လုပ်ကောင်ခွင့်များ ဆောင် ရွက်လျက်ရှိသည်ဟု ကြားသိရသော်လည်း ၂၀၁၄-၂၀၁၅ ခုနှစ် အတွက် ထန်းတပင်မြို့နယ်အတွင်းရှိ ဂရန်ကြီးများအား လေလံတင်ရောင်းချရာတွင် လေလံ ကြော်ငြာ၌ Star ပြ၍ လေလံဆွဲယူခွင့်မလိုဘဲ ဂရန်အင်း ၁၉ အင်းအား ကုမ္ပဏီတစ်ခုစီ၏ အမည်ပေါက်ဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ပါကြောင်း၊ အဆိုပါ ကုမ္ပဏီသည် ရရှိသောဂရန်အင်းများအား အမြတ် တင်ရောင်းစားပါကြောင်း၊ ဂရန်အင်းများ၏ ပတ်ဝန်းကျင်တွင် ရှိသော တောင်သူလယ်သမားများနှင့် ရေထိန်းရေးကိစ္စများတွင် အင်းသမားနှင့် လယ်သမားများ အငြင်းပွားမှုနှင့် မပြေလည်မှုများရှိနေပါကြောင်း။ တောင်သူလယ်သမားများသည် ဂရန် အင်းများအား သတ်မှတ်ကြမ်းခင်း ဈေးဖြင့် အပြိုင်ဝယ်လိုကြောင်း ဆောက်လုပ်ခွင့်မရ၍တင်ပြလာ ခြင်းအပေါ် တောင်သူလယ်သမားများ အကျိုးငှာ မေးမြန်းခြင်းဖြစ်ပါကြောင်း၊
(၁) ကုမ္ပဏီသည် နိုင်ငံပိုင်အင်းများအား လေလံစည်းကမ်းအရ အင်းလေလံအပြိုင် ဆွဲဝယ်ခြင်းမရှိဘဲ၊ ကြေးတိုင်စိုက်ခွင့်ပြုချက်မရှိဘဲ၊ ကုမ္ပဏီအမည်ဖြင့် တိုက်ရိုက်အင်းရယူသော အထူး အခွင့်အရေး ဆောင်ရွက်ခွင့်ရှိ၊မရှိ။
(၂) ကုမ္ပဏီသည် အင်းလေလံအပြိုင်ဆွဲဝယ်ခြင်း မရှိဘဲ တိုက်ရိုက်အမည်ပေါက်ရယူခြင်းနှင့် အမြတ်ယူ အင်းချခြင်းသည် ဥပဒေအရလည်းကောင်း၊ လေလံစည်းကမ်းအရလည်းကောင်း ညီညွတ်မှုရှိ/မရှိ။
(၃) ကော့ကရက်အင်း၊ စွန်ပကအင်း၊ ကုန်းအင်း၊ တူးချောင်းရိုးအင်းပတ်ဝန်းကျင်ရှိ တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်သော စပါး စိုက်ခင်းများ အောင်ရေအခက်အခဲရှိသဖြင့် ပြဿနာပေါ်ပေါက်သူကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊
(၄) အထက်ပါအင်းများအား စပါးစိုက်တောင်သူများ အောင်ရေအခက်အခဲမရှိစေရန် သတ် မှတ်ထားသော ကြမ်းခင်းဈေးဖြင့် အင်းလေလံဆွဲဝယ်ခွင့် ဦးစားပေးဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိ၊
(၅) အင်းလုပ်ကိုင်သူများကြောင့် စပါးစိုက်ခင်း ဆုံးရှုံးနစ်နာမှုများ မည်သူ့တွင်တာဝန်ရှိပြီး မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်နည်းတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။