(စ)-ကင်ဆာဝေဒနာရှင်များဓာတ်ကင်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်းနှင့် ပတ်သက်၍ ပိုမိုထိရောက်စွာ ကုသနိုင်ရေးအတွက်မည်သို့ဆောင်ရွက်နေသည် ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိမဲဆန္ဒနယ်တွင် ကင်ဆာဝေဒနာခံစားနေရသော လူနာကို သတင်းမေးရာတွင် ဓာတ်ရောင်ခြည်ကုသမှုခံယူရမည့် အခြေအနေဖြစ်ပါကြောင်း၊ ထိုသို့ ဓာတ်ရောင်ခြည် ကုသမည်ဆိုပါက ရန်ကုန်တွင် (၄) လခန့်၊ မန္တလေးတွင် (၃) လခန့်၊ တောင်ကြီးတွင် (၁) လခွဲခန့် ကြာမည်ဟု ကြားသိရပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလတွင် သတင်းစာထဲ၌ နေပြည်တော်ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး တပ်ဆင်မည်ဟု ဖတ်ရှုခဲ့ပါကြောင်း၊ ထို့ကြောင့် ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူမည်ဆိုပါက စောင့်ခိုင်းရမည့်ကာလမှာ အနည်းဆုံး (၁) လခွဲမှ (၄) လခန့်ကြာသည်ဆိုသည်မှာ မှန်ကန်မှုရှိ/မရှိနှင့် မှန်ကန်သည်ဆိုပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလတွင် ဓာတ်ရောင်ခြည်တပ်ဆင်ခြင်းဖြင့် မည်သည့် အတိုင်းအတာထိ အကျိုးပြုနိုင်မည်နှင့် ဓာတ်ရောင်ခြည်ကုသမှုဖြင့် ပိုမိုထိရောက်စွာကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများရှိပါက မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။