(င)-နိုင်ငံတကာမှထောက်ပံ့ငွေများကိုလုပ်ငန်းကဏ္ဍ အလိုက်မျှတစွာခွဲဝေသုံးစွဲနိုင်ခြင်းနှင့်လေလွင့်ဆုံးရှုံး မှုများ လျော့နည်းပပျောက်အောင် ပြန်လည်စစ်ဆေး ကြပ်မတ်နိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

သူရဦးအောင်ကို (ကန်ပက်လက်) နိုင်ငံတကာမှ ငွေကြေးထောက်ပံ့သည်‌့အဖွဲ့အစည်းများ၊ ချေးငွေပံ့ပိုး သည့်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံများကို အကူအညီပေးရာတွင် အစိုးရအဆင့် State Level၊ ဌာနလိုက်အဆင့် Section Level ဟူ၍ အဆင့်နှစ်မျိုးဖြင့် ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတကာထောက်ပံ့ငွေများကို များသောအားဖြင့် လုပ်ငန်းနယ်ပယ် အလွှာလိုက် ခွဲဝေသုံးစွဲလျက်ရှိရာမှာ အများဆုံးသုံးစွဲသောအလွှာများမှာ အစိုးရဘတ်ဂျက် လိုငွေ အတွက်ကြား ဒဏ်ပေးရခြင်း၊ သုတေသနနှင့်နည်းပညာပိုင်းဆိုင်ရာဖြင့်ပံ့ပိုးသုံးစွဲရခြင်း၊ ဝန်ကြီးဌာန အလိုက်ရူဝို စီမံကိန်းများတွင်သုံးစွဲရခြင်းနှင့် လူသားအရင်းစာနစွမ်းမှုအတွက် သုံးစွဲပေးရခြင်းတို့ ဖြစ်သည်ကို သိရှိရပါကြောင်း၊ ထောက်ပံ့ငွေအမြောက်အများရရှိတိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပြည့် အဝမရနိုင်ကြောင်းကိုလည်း နိုင်ငံတကာဖြစ်စဉ်များအရလည်း လေ့လာသိရှိရပါကြောင်း၊ ယနေ့တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအပြောင်းအလဲကို အသိအမှတ်ပြုသောအားဖြင်‌့ ထောက်ပံ့ငွေများ၊ ချေးငွေများ လက်ခံရရှိနေရာ ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိသည်ကို သိရှိရပြီး ထိုကဲ့သို့ နိုင်ငံတကာထောက်ပံ့ငွေများ၊ ချေးငွေများရယူခြင်းကို လိုလားပါသော်လည်း ထိုငွေများ၏ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးများကို ပြန်လည်သုံးသပ်သင်‌့ပါကြောင်း၊ အထူးသဖြင့် ထောက်ပံ့ငွေချေးငွေများရယူခြင်းထက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာအောင် ဦးစားပေးစီမံ ဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြလိုပါကြောင်း၊  မိမိအနေဖြင့် အခြေခံအဆောက်အဦ လိုအပ်ချက်များကို လျှင်မြန်စွာပြုပြင် ပေးနိုင်မည်‌့အစီအမံရှိ/မရှိ၊ ထောက်ပံ့ငွေများအပေါ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်သည် ပြည်သူလူထု၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုအပြည်‌့အဝ ရရှိအောင် ချိတ်ဆက်စီမံပေး နိုင်ခြင်းရှိ/မရှိ၊ နိုင်ငံတကာထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက်ခွဲဝေသုံးစွဲရာတွင် လေလွင့် ဆုံးရှုံးမှု အသုံးစရိတ်များမဖြစ်ပေါ်စေရေးအတွက် ပြန်လည်စိစစ်ကြပ်မတ်နိုင်ခြင်း ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်းပြန်လည်း မေးမြန်းပါသည်။