(ဂ)-ရသေ့တောင်မြို့နယ်၊ မြို့မ အ.ထ.က(ခွဲ) အတွက် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဥၤးသည့်မေးခွန်း
ရေ
သ့တောင်မြို့ပေါ်ရှိ အ-လ-က ကျောင်းကို ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ အ-ထ-က(ခွဲ)အဖြစ်တိုးမြှင့်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူဦးရေသည် မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ စုစုပေါင်း ၇၀၀ ကျော်ရှိပါကြောင်း၊ စာသင်ခန်းနှင့် ကျောင်းသား ဦးရေ လုံလောက်မျှတမှုမရသည့်အတွက် ပညာသင်ကြားရာတွင် အလွန်ခက်ခဲနေသည့် အပြင် ကျောင်းအဆင့် တိုးပေးလိုက်သည့်အတွက် ဝိဇ္ဇာဘာသာရပ်သင်ကြားသည့် ဆရာဆရာမများ သာရှိပြီး သိပ္ပံပညာရပ်သင်ကြားမည့် ဆရာဆရာမများမရှိသည့် အတွက် အခက်အခဲများ ကြုံတွေ့နေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီဆောင် ရွက် ပေးစေချင်ပါကြောင်း၊ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ပိုမိုများပြားလာမည်ဖြစ်သည့်အတွက် အတန်းခွဲများကိုတိုးချဲ့ရန် လိုအပ်နေပါ၍ ရသေ့တောင်၊ မြို့မ အ-လ-က ကျောင်းမှ အ-ထ-က(ခွဲ) အတွက် ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် လိုအပ်နေသောကြောင့် ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။