(ဂ)-လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လာ မည့်ရွေးကောက်ပွဲများအတွက်မဲဆွယ်စည်းရုံးရာ၌ စာနယ်ဇင်းများ၏အသုံးအနှုန်းများဖြင့်လွှတ်တော်၊ အစိုးရ၊ဌာနဆိုင်ရာ တပ်မတော်နှင့် လူပုဂ္ဂိုလ်များ ကို ဝေဖန်ဟောပြောခွင့် ရှိ/ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-19

ဦးဖေသန်း (မြေပုံ) မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်အသစ်ကို တည်ဆောက်နေသည်နှင့်အညီ စာနယ်ဇင်း သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်သည်လည်း များစွာတိုးတက်လာပါကြောင်း၊ တချို့သတင်းမီဒီယာများအနေဖြင့်  သတင်းများရေးသားသည့်အခါတွင် လွှတ်တော်၊ အစိုးရဌာနဆိုင်ရာ၊ တပ်မတော်၊ ကော်မရှင်အဖွဲ့၊ ပါတီများ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ မှားယွင်းချက်များကို ပွင့်လင်းမြင်သာစွာ ထောက်ပြဝေဖန် ရေးသားလာသည်ကို တွေ့ရှိရပြီး အစိုးရကလည်း ခွင့်ပြုထားပါကြောင်း၊  ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးသည့်ကာလမျိုးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရေးသားဝေဖန်ခြင်းများ၊ ဟော‌ပြောခြင်းများသည် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော (၁/၂၀၁၄) ပါ တားမြစ်ချက် ၁၀ ချက်နှင့် ထိခိုက်နိုင်သည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် မဲဆွယ်ဟောပြော စည်းရုံးရာ၌ စာနယ်ဇင်းများတွင် ရေးသားဖော်ပြလျက်ရှိသော အကြောင်းအရာ အသုံးအနှုန်းများဖြင့် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာ၊ တပ်မတော်နှင့် လူပုဂ္ဂိုလ်များကို ဝေဖန်ဟောပြောခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။