(က)- နေပြည်တော် အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်း၏ လေ ယာဉ်များဆင်းရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀
၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မြန်မာ့အလင်း သတင်းစာ တွင် နေပြည်တော်-ဘန်ကောက်ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၅၀ ဖြင့် Air Asia လေကြောင်းလိုင်းက နေပြည်တော်မှ ဘန်ကောက်၊ ဒွန်မောင်းလေ ဆိပ်ကို ပြေးဆွဲမည်ဟု ကြေငြာ ထားသော်လည်း အခြားနိုင်ငံ တကာလေကြောင်း လိုင်းများအနေဖြင့် နေပြည်တော် အပြည်ပြည်ဆိုင် ရာလေ ဆိပ်တွင် ဆင်း သက်ခြင်းမရှိသည့်အတွက် နေပြည်တော်မှ နိုင်ငံခြားသို့ လိုက်ပါ လိုသူ ခရီးသည်များအနေဖြင့် မင်္ဂလာဒုံ အပြည်ပြည်ဆိုင် ရာ လေဆိပ်မှတစ်ဆင့် ခရီး သွားနေကြရခြင်းတို့ကြောင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် နိုင်ငံတကာလေကြောင်း လိုင်းများ ဆင်းသက်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီ အစဉ် မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုလည်ကောင်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကိုလည်းကောင်း သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ဦးမင်းဆွေ (ဒိုက်ဦး) ကိုယ်စား ဦးညီညီမြင့် (အုတ်တွင်း)မှ မေးမြန်းပါသည်။