(ဂ)-ဟိုပုန်းမြို့နယ်၊မဲနယ်တောင်ဒေသရှိပန်ကလာ လမ်း စုစုပေါင်း (၁၄) မိုင် (၆) ဖာလုံမှာ မြေသား လမ်း ဆောက်လုပ်ပေးပြီး ဖြစ်ရာ အဆိုပါလမ်း အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက်ကချား- ထီတဲမ်းလိတ်-လိုင်းကလလမ်း၊ ကျောက်ကချား- ထီတဲမ်းလိတ် လမ်းခွဲမှ ပါခက်- ထီဆွေးလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ်လမ်းခွဲမှာ ပန်ကလားလမ်း စုစုပေါင်း (၁၄)မိုင် (၆) ဖာလုံမှာ မြေသားလမ်း ဆောက် လုပ်ပေးပြီးဖြစ်ရာ အဆိုပါလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပအိုဝ့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ် မဲနယ်တောင်ဒေသရှိ ကျောက်ကချား-ထီတဲမ်းလိတ်-လိန်းကလလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ် လမ်းခွဲမှ ပါခက်-ထီဆွေးလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ် လမ်းခွဲမှ ပန်ကလားလမ်း၊ စုစုပေါင်း ၁၄ မိုင် ၆ ဖာလုံသည် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြေသားလမ်း ဖောက်လုပ်ပေးပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါဒေသသည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၅၀၀၀ နှင့် ၈၀၀၀ အကြားတွင် တည်ရှိခြင်း၊ တောင်ပေါ်ဒေသဖြစ်ခြင်း၊ မိုးအလွန်များခြင်း တို့ကြောင့် မြေသားလမ်းအဖြစ်သာ ဆက်လက်တည်ရှိနေပါက အမြန်ပြန်လည်ပျက်စီးမည်ဖြစ်ပြီး ပြည်သူများ ဆက်သွယ်သွားလာရေး ပြန် လည်ပြတ်တောက် ခက်ခဲနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြေသားလမ်းအား နိုင်ငံတော်မှ ကျောက်ချောလမ်းအဖြစ် ယခုဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရနနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်း ပါသည်။