(ဇ)-ထီးချိုင့်မြို့နယ်၊ ရေဝ ကျေးရွာအုပ်စု၊ ဆင် ကျွန်းကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ အဆောက်အဦအားအသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာအုပ်စုကို ရေဝကျေးရွာ၊ ဆင်ကျွန်းကျေးရွာ၊ မော်လုံ ကုန်းကျေးရွာ၊ သောင်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ သော်ကကျေးရွာ စုစုပေါင်း ကျေးရွာ(၆)ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ရေဝကျေးရွာအုပ်စုတွင် လက်ရှိလူဦးရေ ၃၇၀၀ ဦး နေထိုင်လျက်ရှိပြီး ဒေသခံမိဘပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ ရေဝအုပ်စုရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေး ဌာနခွဲ ကိုဆင်ကျွန်းကျေးရွာကို ၁၉၈၀ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ် ခဲ့ပြီး ဆောင်ရွက် ခဲ့ပါကြောင်း၊ မြေနေရာအကျယ်အဝန်း ၉၀ ပေ ၆၀ ရှိပြီး လက်ရှိ အဆောက်အဦ၏ အခြေအနေမှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သည့်အတွက် ခိုင်ခံမှု မရှိကြောင်းတွေ့ရှိရသည်။ အဆောက်အဦ၏ အခြေအနေမှာ ဓါတ်ပုံမှတ်တမ်းနှင့်အတူ တင်ပြထားပြီးဖြစ်ပါကြောင်း၊ မိဘပြည်သူများသည် ကျေးလက်ကျန်းမာရေး အဆောက်အဦကိုကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် အသစ်ပြန်လည်ဆောက်လုပ်ပေးရန် တင်ပြခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်ကျေးရွာ အုပ်စု ဆင်ကျွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်အား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိကြောင်းမေးမြန်းပါသည်။