(င)-၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင်းကယားပြည်နယ်အ စိုးရအဖွဲ့ရုံး အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌တင်ဒါခေါ်ယူခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးကျော်ခိုင်ဝင်း( မဲ့စဲ့ မဲဆန္ဒနယ်) (1206)တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက်တိုင်းဒေ သကြီးများနှင့် ပြည်နယ်အသီးသီး၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ကို ဈေးပြိုင်တင်ဒါခေါ်ယူမှုမှ ပိုလျှံလာသောငွေကြေး များကို နိုင်ငံတော် ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းခြင်းရှိ/မရှိ။ တင်ဒါများခေါ်ယူရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများကဲ့သို့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ထည့်သွင်းကြော်ငြာခြင်းရှိ/မရှိ၊ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သော လုပ်ငန်းရှိ/မရှိ။ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ တင်ဒါခေါ်ယူသည့်နေရာတါင် ပိုလျှံလာသော ရန်ပုံများကို အခြားလုပ်ငန်းတစ်ခု ထပ်မံဆောင်ရွက်ခွင့်ရှိ/မရှိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရန်ပုံငွေဖြင့် ဆောင် ရွက်သော ဆောက်လုပ်ရေးလုပ်ငန်းများကို မည်သည့်အဖွဲ့ဖြင့် ကြီးကြပ်စစ်ဆေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။